
နေပြည်တော် ဩဂုတ် ၂၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင် များက ကျန်းမာရေး အထောက်အကူပြုပစ္စည်း များ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ သဖန်း ကိုင်းပရဟိတကျောင်း၌ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်စင်တာသို့ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နှင့် စေတနာရှင်အလှူရှင်များကစုပေါင်းလှူဒါန်းသည့် Oxygen အိုး ၂၀၊ Oxygen Regulator ၁၀ ခု၊ အောက်ဆီဂျင်ပိုက် ၁၀ ချောင်း၊ PPE ဝတ်စုံ ၁၀၀၊ နှာခေါင်းစည်း ၅၀၀၀၊ လက်အိတ် အစုံ ၁၀၀၀၊ ပိုးသတ်ဆေး ရည် ငါးဂါလန်ပုံး နှစ်ပုံး၊ ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများ၊ အလှူငွေကျပ် နှစ်သိန်းနှင့် နမ္မတူမြို့ရှိ မေတ္တာရှင် ပရဟိတအသင်းနှင့် မိတ်ဆွေကောင်း ပရဟိတအသင်းများသို့ အလှူငွေကျပ် ၁၀ သိန်းတို့ကို တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူရှင်များ ဖြစ်ကြသည့် ကိုးကန့် လူမှုဖွံ့ဖြိုးရေးအသင်းမှ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Liquid Oxygen ၂၅ တန်ပါ ကား လေးစီး၊ Wilmar International Ltd (Singapore)မှ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Oxygen Concentrators ၆၈ လုံး၊ Cannula ၆၈ ခု၊ O2 Mask ၆၈ ခု၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ် သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ KN 95 Mask ၂၀၀၀၀၀၊ Zwe kapin United F.C Coltd မှ ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ Enoxaparin သွေးကျဲဆေးအချောင်း ၁၀၀၀၊ ဦးရဲထွဋ်အောင်၊ ဒေါက်တာ ဇွဲမာန်အောင် Alibaba Amuse-ment Co.Ltd မှ ငွေကျပ် ၁၂၅ သိန်းတန်ဖိုးရှိ Cylinder 40L ၅၀၊ Shwe Taung Develop-ment Co.Ltd မှ ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ Oxygen Concentrators ငါးလုံးနှင့် Telecon International Myanmar Co.Ltd(MyTel)မှ အလှူငွေကျပ် ၃၄၁၀၀၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ သတင်းစဉ်