
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) သို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံ ခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ညီလာခံ (၂၀၂၁) သို့ တက်ရောက် လာကြသည့် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
မိန့်ခွန်းပြောကြား
ဦးစွာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီးကို ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားအဖြစ် ပါဝင်ဆောင် ရွက်ရန်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် အကူအညီ ပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းပင် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စစ်မှုထမ်း ဟောင်းအဖွဲ့များ၊ မြို့နယ်အဆင့်စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်မှုထမ်း ဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသူများ သည် ယခင်က တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကိုပင်မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ် လာသည့် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ အဖွဲ့ကြီးသည် စည်းကမ်းပြည့်ဝသည့် တပ်မတော်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသူများနှင့် စနစ်တကျ စုဖွဲ့ထားသည့်အဖွဲ့ကြီးဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသည့် ကျစ်လျစ် ခိုင်မာသည့် အဖွဲ့အစည်းကြီးလည်းဖြစ်ကြောင်း။
တစ်ခုတည်းသော မျိုးချစ်တပ်မတော်
မိမိတို့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်း မှုနှင့်အတူ သမိုင်း၏မဖြစ်မနေ လိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သည့် တစ်ခုတည်းသော မျိုးချစ် တပ်မတော်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့ လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ပေါ်ပေါက် ခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေးတံခါးကို အစပျိုး ဖွင့်လိုက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေး လမ်းကြောင်းသည် ကြမ်းတမ်းခဲ့သကဲ့သို့ တိုင်းပြည် လွတ်လပ်ပြီးနောက်ပိုင်း ရင်ဆိုင်ခဲ့ရသည့် အခြေ အနေများသည်လည်း တိုင်းပြည်ပြိုကွဲလုနီးနီးအထိ ဖြစ်ခဲ့ရကြောင်း၊ ထိုကဲ့သို့ အခြေအနေများတွင် မိမိတို့ တပ်မတော်သည် ရှိသမျှလူ၊ လက်နက်အင်အားများ နှင့် တိုင်းပြည်ရန်စွယ် အသွယ်သွယ်ကို ကျားကုတ် ကျားခဲ တွန်းလှန်ပေးခဲ့ရကြောင်း။
မိမိတို့နိုင်ငံ သူ့ကျွန်ဘဝရောက်ရှိခဲ့ခြင်း၏ အဓိကအကြောင်းအရင်းကို လေ့လာကြည့်မည် ဆိုပါက စည်းလုံးညီညွတ်မှု အားနည်းခြင်းနှင့်အတူ အင်အားတောင့်တင်းပြီး စနစ်တကျစုဖွဲ့လေ့ကျင့် ထားသည့် ခေတ်မီတပ်မတော်တစ်ရပ် မရှိခဲ့ခြင်း ကလည်း အဓိကအချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် ယနေ့အခါတွင် တပ်မတော် အနေဖြင့် အတိတ်က မြန်မာ့သမိုင်းစဉ်၌ ကြုံတွေ့ခဲ့ ရသည့် အားနည်းချက်များကို သင်ခန်းစာယူပြီး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်ကို တည်ဆောက်ပုံဖော် နေခြင်းပင်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည်လည်း ဖွဲ့စည်း တည်ထောင်ချိန်မှစ၍ တပ်မတော်၏ ဦးဆောင်မှုနှင့် အတူ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရကြောင်း။
အချိန်မီထိန်းသိမ်းပေးခဲ့ရ
ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူခဲ့ရသည်မှာ မကြာမီ ၁၀ လပြည့် မြောက်တော့မည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် သည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ နိုင်ငံတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍနှင့် ပြည်သူလူထု၏ ဆန္ဒ ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာရှိစေရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူ မှန်သမျှကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်တားဆီးသွားရမည့် တာဝန်ရှိကြောင်း၊ မိမိတို့တပ်မတော်သည် အတိတ်သမိုင်းတွင်လည်း နိုင်ငံတော်အရေးပေါ်အခြေအနေများနှင့် ကြုံတိုင်း ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရသည့် သာဓကများ ရှိခဲ့ကြောင်း၊ ယနေ့ကာလ၌လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် မဲမသမာမှုများစွာကို ဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန် ကြိုးစားခဲ့သူများကြောင့် နိုင်ငံတော် ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး အချိန်မီထိန်းသိမ်းပေးခဲ့ရကြောင်း၊ ထိုကဲ့သို့ တာဝန် ယူခဲ့ရသည့် ကာလအတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ အဆင့်ဆင့်အကောင် အထည်ဖော်လျက်ရှိကြောင်း။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို အခြေခံ ဥပဒေနှင့်အညီ မဖြစ်မနေတာဝန်ယူခဲ့ရသည့် ဖြစ်စဉ် မှန်များကို မသိကျိုးကျွံပြုကာ တပ်မတော်နှင့် ပြည်သူ သွေးကွဲအောင်၊ တပ်မတော်အင်အား ချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် သွေးခွဲမှိုင်းတိုက် နေသည့် ပြည်တွင်း၊ ပြည်ပ အဖျက်သမားများ၏ လုပ်ရပ်များကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ကနေ သတိရှိရှိဖြင့် တွန်းလှန်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း။
တပ်မတော်၏ အရန်အင်အား
ယနေ့အချိန်တွင် တိုင်းပြည်၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှု ထမ်းဟောင်းအဖွဲ့သည် တာဝန်သိသိနှင့် ပါဝင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊
ဒေသအချို့၌ သဘောထားကွဲလွဲသည့်သူများက တပ်မတော်မုန်းတီးရေးများ ပြောဆိုပြုလုပ်၍ အငြိမ်းစားတပ်မတော်သား စစ်မှုထမ်းဟောင်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း တွေ့လာရပါကြောင်း၊ ယင်းတို့ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် ပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်သွားရန် လိုကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ထိခိုက် ဒဏ်ရာရရှိ၊ သေဆုံးခဲ့ရသည့် စစ်မှုထမ်းဟောင်းများ အတွက်လည်း အသိအမှတ်ပြုကြောင်းနှင့် ဝမ်းနည်း ကြောင်းကို ပြောကြားလိုကြောင်း။
ဥပဒေများ လက်တွေ့လိုက်နာကျင့်သုံး
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းပြဋ္ဌာန်းချက်နှင့် ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀ ပြည့် နှစ်)နှင့် အရန်တပ်ဖွဲ့ဥပဒေ (၂၀၁၀ ပြည့်နှစ်)တို့ကို လည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၌ အသက်အရွယ်ရောက် ပြီးသည့် နိုင်ငံသားတိုင်းသည် ကာလအပိုင်းအခြား အလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆင့်ခေါ်ခြင်းအပါအဝင် လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားသည်ကို တွေ့နိုင်ကြောင်း၊ ထို့အပြင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိထားသည့် စစ်မှုထမ်းတစ်ဦး အနေဖြင့် အရန်တပ်ဖွဲ့တွင် ပါဝင်ထမ်းဆောင်နိုင်ရေး အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ လိုအပ် ပါက အဆိုပါဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံး နိုင်အောင် ဆောင်ရွက်သွားမည်ပင်ဖြစ်ကြောင်း။
ပါဝင်ကူညီဆောင်ရွက်ပေးခဲ့
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များသည် ရောဂါကုသရေးဌာန များ၊ ရောဂါကာကွယ်ရေးဌာနများ၊ ကာကွယ်ဆေး ထိုးနှံရေးဌာနများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဆက်လက်၍လည်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊
သက်ဆိုင်ရာ မြို့နယ်ဒေသအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုတို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လက်တွေ့ကျသည့် စည်းရုံး ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ပင်ဖြစ် ကြောင်း၊ “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့်အတိုင်း တစ်ခါ စစ်သားဖြစ်ခဲ့ဖူးသည့်စိတ်ကို သေတပန် သက်တဆုံး တပ်မတော်သားဆိုသည့် စိတ်ဓာတ် များနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ထမ်းဆောင်ရင်း မသန် စွမ်းဖြစ်သွားကြသည့် တပ်မတော်သားများနှင့် ကျဆုံး၊ သေဆုံးခဲ့ကြသော တပ်မတော်သားမိသားစု ဝင်များကိုလည်း ထောက်ပံ့စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်က အငြိမ်းစားယူသွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များနောင်ရေး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေး နေပြည်တော် တွင်ရှိသည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအပြင် တိုင်းနှင့်ပြည်နယ်အလိုက်တွင်လည်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာများကို တည်ဆောက် ပေးခဲ့သကဲ့သို့ ဆက်လက်၍လည်း တည်ဆောက်ပေး လျက်ရှိကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန် ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ရ သည့် စစ်သည်များ အငြိမ်းစားယူပြီးသည့်နောက်တွင် ဘဝအာမခံချက်ရှိစေရေး အသက်မွေးမှုအတတ်ပညာ များကိုလည်း တပ်မတော်အသက်မွေးမှု အတတ် ပညာသင်စခန်းများတွင် သင်ကြားပေးလျက် ရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား များ၏ ပညာရည်မြင့်မားရေးအတွက်ကိုသာမက မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်းသားသမီး များ၏ ပညာရေးအတွက်ပါ အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း။
တိုင်းပြည်တည်ငြိမ်အေးချမ်းစေရေး အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ် သည့်အရာပင်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အပြည့်အဝရောက်ရှိပြီး မိမိတို့အားလုံး တူညီစွာ လိုလားသည့် နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်နိုင် ကြရေးကို တပ်မတော်က စိတ်ရင်းစေတနာမှန်မှန်နှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အစဉ်အလာကောင်းများ ထာဝစဉ်ထိန်းသိမ်း
တပ်မတော်အနေဖြင့် တိုင်းပြည်၏လိုအပ်ချက် အရ ထမ်းဆောင်နေရသည့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ သန့်သန့် ရှင်းရှင်း ဖြူဖြူစင်စင် ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့်လည်း ချမှတ်ပေးထားသည့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်ကို ယခုထက်မက ပိုမို အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုံ့လ စိုက်ထုတ်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ တပ်မတော်သားဟောင်းများဖြစ်သည့် စစ်မှုထမ်းဟောင်းများသည် တပ်မတော်၏ အစဉ် အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်း သွားကြရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားကြရမည်ဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို စစ်သားကောင်း တစ်ယောက်ပီပီ လိုက်နာအကောင်အထည်ဖော်ပြီး ပြည်သူနှင့် တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးသဖွယ်ဖြစ်အောင် ကြိုးစားသွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က မသန်စွမ်းစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများနှင့် တပ်မတော်ဆိုင်ရာ တက္ကသိုလ်များ တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား၊ သမီးများ အတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်း အနားတက်ရောက်လာကြသည့် မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ပြီး စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်