တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆက်လက်ဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ  ၁၈


တပ်မတော်ပင်လယ်သွား    ဆေးရုံ ရေယာဉ် (သံလွင်)  သည်    ယနေ့ တွင်    ငပုတောမြို့နယ်    ငရုတ် ကောင်းမြို့ရှိ    ပြည်သူ့ဆေးရုံ၌ အခြေပြု၍  ဒေသခံပြည်သူ   ၂၀၁၂   ဦးကို   ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ          ဆက်လက် ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၃၃ ဦး၊ ခွဲစိတ်ရောဂါ ၃၁ ဦး၊    သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊    ကလေး ရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၂၇၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ  ၄၈၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ     ၆၉    ဦး စုစုပေါင်း ၂၀၁၂ ဦးတို့ကို  လိုအပ် သည့် ဆေးဝါးကုသမှုများ  ဆောင် ရွက်ပေးသည်။  ထို့အပြင်  ခွဲစိတ် ကုသရန်လိုအပ်သူ    အထွေထွေ ခွဲစိတ်လူနာ လေးဦး၊ မျက်စိခွဲစိတ် လူနာ ၁၅ ဦးတို့ကို  ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးပြီး၊ ဓာတ်မှန် ရိုက်လူနာ ၁၁ ဦး၊       အာထရာ ဆောင်းဖြင့်     စမ်းသပ်စစ်ဆေး လူနာ ၅၈ ဦး၊ ECG ဖြင့်  နှလုံး စမ်းသပ်လူနာ ၆၇ ဦးနှင့်   ဓာတ်ခွဲ စမ်းသပ်လူနာ    ၆၆     ဦးတို့ကို ရောဂါရှာဖွေ    စမ်းသပ်ကုသပေး ခြင်းများ    ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်        ကုသရန် လိုအပ်သည့် လူနာများအား နီးစပ် ရာ           တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေး နိုင်ခဲ့သည်။

 


အောင်မြင်စွာ မွေးဖွားပေးနိုင်


ထို့အပြင်   ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံ၌     တပ်မတော် နယ်လှည့်   အထူးကုဆေးအဖွဲ့မှ  သားဖွားမီးယပ်ပါရဂူ     ဗိုလ်မှူး ခန့်မင်းညို ဦးဆောင်ပြီး ငရုတ် ကောင်းမြို့  မိုးတိမ်ပြင်ကျေးရွာ အုပ်စု      ဘုရားချောင်းကျေးရွာ နေ         ဦးဝေသူအောင်၏ဇနီး ဒေါ်ဝင်းဖန့်သူကို    ခွဲစိတ်မွေးဖွား ပေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၁ မိနစ် ခန့်တွင်        သမီးမိန်းကလေး တစ်ဦး (၇ ပေါင် နှင့် ၇ အောင်စ)ကို       ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး သမီးငယ် သံလွင်မေဦးဟု အမည် ပေးခဲ့ကာ        ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို  တာဝန် ရှိသူတစ်ဦးမှ   ကိုယ်စားပေးအပ်ခဲ့ သည်။  အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံး မွေးဖွားပေးခဲ့သည့်  ကလေးငယ် ဖြစ်ပြီး  တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်     (သံလွင်)    ၏ ဆေးကုသပေးမှု  သမိုင်းမှတ်တမ်း တွင်      ၁၇     ဦးမြောက်အဖြစ် အောင်မြင်စွာ  မွေးဖွားပေးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း     သတင်းရရှိ သည်။

သတင်းစဉ်