
နေပြည်တော် နိုဝင်ဘာ ၂၄
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် တူးမြောင်းကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်း ဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် တူးမြောင်း ကျေးရွာ တိုက်နယ်ဆေးရုံ၌ အခြေ ပြု၍ အဆိုပါကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၄၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေး ရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၈၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၇ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန် လိုအပ်သူငါးဦးတို့ကို နီးစပ် ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက် ဆေးကုသမှုခံယူကြ သော ပြည်သူများအား စက်လှေ များ စီစဉ်ပေးပြီး နေ့လယ်စာ ထမင်းဘူးများ ပေးအပ်သည်။
အလားတူ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့ သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့ ရှိ ဧရာဝတီဆိပ်ကမ်းသို့ ရောက်ရှိ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဓနုဖြူမြို့ အမှတ် (၂)ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ အခြေပြု၍ ဓနုဖြူမြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၄၃၀ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။(အပေါ်ပုံ)
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၀၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၂ ဦး၊ ကလေး ရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀၊ မျက်စိရောဂါ ၇၅ ဦးနှင့် သွားရောဂါ ၁၂ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၁၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှု များကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါသည် -
ဒေါ်ဌေးဌေး (တူးမြောင်းကျေးရွာ၊ လပွတ္တာမြို့နယ်)
လပွတ္တာမြို့နယ် တူးမြောင်း ကျေးရွာမှာနေပါတယ်။ အစာအိမ် ရောဂါဖြစ်တာ နှစ်နှစ်လောက် ကြာပါပြီ။ အပြင်မှာလည်း ဆေး မကုသနိုင်လို့ အခုတပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့က အခမဲ့လာရောက်ကုသလို့ ကျွန်မ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ မပျောက်ခင်ကတော့ စိုးရိမ်တာ ပေါ့။ ကိုယ့်မှာက ပိုက်ဆံကလည်း မရှိ တော့ အဲလိုမျိုးဖြစ်တဲ့အချိန်မှာ နောက်ကိုယ်က ရေဒီယို အမြဲ နားထောင်တော့ ဆေးကုသရေး တပ်မတော်အဖွဲ့ကြီးက ကလေး လေး မွေးပေးတာကြားတော့ သံလွင်မောင်ဆိုတဲ့ နာမည်ပေး တာ။ အဲဒီမှာကတည်းက ဝမ်းသာ ပြီးတော့ ပြချင်နေတာ။ ကိုယ်က လည်း တပ်မတော်ကို အားပေး တယ် ဂုဏ်လည်းယူတယ်၊ ကျေးဇူး လည်းတင်တယ်။ လက်တွေ့ခုပြ တာဆိုတော့ ဝမ်းလည်းသာတယ်။ ကြည်နူးတယ်။ အခုရောဂါ တစ်ဝတ်သက်သာတယ်လို့ ခံစား ရပါတယ်။ ဆေးကုသရေးအဖွဲ့က ကောင်းကောင်းမွန်မွန် ရည်ရည် မွန်မွန်နဲ့ ဆက်ဆံပါတယ်။ အာထရာဆောင်းလည်း ရိုက်ပေး ပါတယ်။ ဆေးတွေလည်း အခမဲ့ ပေးတယ်ဆိုတော့ ဝမ်းလည်း သာတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နဲ့ ဆရာဝန်ကြီးများကို လည်း ကျေးဇူးတင်ပါတယ်။ အခုလို ကုသပေးတဲ့အတွက် ဒီထက်မက ကျန်းမာချမ်းသာ ပြီး နယ်လှည့်ဆေးကုသရေးမှာ လည်း အောင်မြင်ပါစေ။ ဒီထက် မက ပြည်သူတွေချစ်ခင်အားပေးမှု ကို ရပါစေ။ အခုလိုကုသပေးတဲ့ အတွက် အခုဆိုရင် တပ်မတော် သားတွေဟာ နေရာဒေသအသီးသီး မှာ ရှေ့တန်းတာဝန်များကို သွားရောက် ထမ်းဆောင်နေရ တယ်လို့ ကြားသိရပါတယ်။ အဲဒီ လို တပ်မတော်သားတွေဟာ မအားလပ်တဲ့ကြားကနေ ကျွန်မ တို့ ကျေးရွာကို လာရောက်ပြီး ဆေးကုသပေးတဲ့အတွက် အများ ကြီး ကျေးဇူးတင်ပါတယ်။ တပ်မတော်သားတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အန္တရာယ်ကင်း ဘေးရှင်းကြပါ စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဂုဏ်လည်း ယူပါတယ်၊ တပ်မတော်ကြီးကို ဒီထက်အဓွန့်ရှည်အောင်မြင်ပါစေ လို့ မေတ္တာပို့ပါတယ်။
မချူးနိုနိုလင်း(အလယ်ကိုင်း
ကျေးရွာ၊ ဓနုဖြူမြို့နယ်)
မျက်နှာမှာ အဖုတွေဖြစ်နေ လို့ဆိုပြီး အရေပြားလာပြတာပါ။ တွေ့ရာမျက်နှာသစ်နဲ့ မသစ်ကြ ပါနဲ့။ နောက်ပြီးတော့ အပြင်သွား လို့ရှိရင် ပါးစပ်နှာခေါင်းစည်းတွေ တပ်ဆင်ပါ။ ဖုန်မှုန့်တွေကြောင့် လည်း မျက်နှာမှာအဖုတွေ ဖြစ်တယ်လို့ပြောတယ်။ ဆေးထုတ် ပေးလိုက်တယ်။ စာအုပ်ထဲမှာ ဆေးနာမည် ရေးပေးတယ်။ သိပ်ပြီး ပိုက်ဆံမတတ်နိုင်တဲ့ သူတွေ၊ နောက်ပြီးတော့ အဆင် မပြေတဲ့သူတွေအတွက် အဆင် ပြေတာပေါ့။ သွားနဲ့ခံတွင်း ပါရဂူ၊ အရိုးအကြောပါရဂူ၊ မျက်စိပါရဂူ တွေလည်းပါတယ်။ နှာခေါင်း ခွဲစိတ်ပါရဂူတွေလည်း ပါပါတယ်။ လာရောက် ကုသပေးတဲ့အဖွဲ့ကို လည်း ကျွန်မက ပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်။ ပရဟိတမျိုးတွေလည်း ဆက်ပြီး လုပ်နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။
သတင်းစဉ်