တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ    ၁၁
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး     စောင့်ရှောက်မှုလုပ်ငန်း များ  ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)      နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊  ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော    နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီး  ငပုတော မြို့နယ်      ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌    အခြေပြု၍ အဆိုပါမြို့နှင့်    ပတ်ဝန်းကျင် ကျေးရွာများမှ   ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်  မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။ (အပေါ်ပုံ)
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့် အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၃၈ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ  ၃၈ ဦး၊  ကလေး ရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၇၁ ဦး၊ နား၊  နှာခေါင်း၊ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၁၆၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။     ထို့ပြင် အထွေထွေ  ခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ်    လူနာ လေးဦး၊ ဓာတ်မှန်ရိုက်    လူနာ  ကိုးဦး၊ အာထရာဆောင်းဖြင့်  စမ်းသပ် စစ်ဆေးလူနာ ၃၄ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်   လူနာ ၂၉ ဦး စုစုပေါင်း ၈၂၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်  ခွဲစိတ်ကုသပေး ခြင်းများ    ဆောင်ရွက်ပေးပြီး ဆေးရုံ    တက်ရောက်ကုသရန် လိုအပ်သူလေးဦးကို    နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။ 
အလားတူ    ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်  ရွက်ပေးရန်အတွက်  တပ်မတော် မြစ်တွင်းသွား    ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊  မြစ်ရေယာဉ်(စကု)တို့နှင့်အတူ  လိုက်ပါလာသည့် တပ်မတော်နှင့်     ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊   သူနာပြုများ  ပါဝင်သော နယ်လှည့်အထူးကု   ဆေးအဖွဲ့ သည် ယနေ့တွင် ပဲခူးတိုင်းဒေသ ကြီး   ပြည်ခရိုင်   ပန်းတောင်း မြို့နယ် ထုံးဘိုမြို့ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   ရပ်မိရပ်ဖများ နှင့်     ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ        ကြိုဆို နှုတ်ဆက်ကြသည်။ 
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ထုံးဘိုမြို့ အခြေခံ ပညာ   အထက်တန်းကျောင်း၌  အခြေပြု၍ ထုံးဘိုမြို့နှင့် ပတ်ဝန်း ကျင်   ကျေးရွာများမှ  ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ (ယာပုံ)
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၂၁ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ   ၁၃ ဦး၊  ကလေး ရောဂါလေးဦး၊ အရိုးရောဂါ ၁၄၃ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၆၅ ဦးနှင့် သွားရောဂါ ၂၆ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။  ထို့ပြင်  တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက်လူနာကိုးဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦး  စုစုပေါင်း ၅၄၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏  စကားသံများကို   ယခုလို ကြားသိခဲ့ရပါသည်-
ဒေါ်တင်နွဲ့( သက်ကယ်ကွင်း 
ကျေးရွာ၊ ငရုတ်ကောင်းမြို့)
အဘွားရဲ့ရောဂါက  ကျောင်း ဈေးမှာ     မုန့်သွားရောင်းရင်း ချော်လဲတာ    ပေါင်အရင်းက ကျိုးသွားတယ်လို့   ပြောတယ်။ ပေါင်ရင်းက ၁၅ ရက်လောက်ရှိ ပါပြီ။ အဘွားလဲတဲ့အချိန်က နာရီ ဝက်ကျော်ကျော်လောက်  မေ့နေ တယ်။ အဘွားကဒီနေ့ထိ ကိုက်နေ တယ်၊    နေလို့   စားလို့မရဘူး။ သားတစ်ယောက်က ဘာအလုပ်မှ လည်း  မလုပ်ရဘူး၊   အဘွားကို     ချီလိုက်၊ ချလိုက်၊  ရေချိုးပေးလိုက် နဲ့  သူ့ကိုလည်း    အားနာတာပေါ့။ အဘွားရဲ့    ပေါင်ရင်းကျိုးတာ  သိန်း ၃၀ ကျော် လောက်ကုန်မယ်။ အဘွားမှာမရှိတော့ အဲဒီဆရာဝန် ကြီးတွေက   ကုန်ပါစေ  ရန်ကုန် ထိရောက်အောင်   ကုပေးပါမယ် ပြောတော့       အဘွားရင်ထဲမှာ တော်တော်ပျော်နေတာ။ အားလည်း အားရှိသွားပါတယ်။   ပျော်လည်း ပျော်တယ်၊ ရင်ထဲမှာလည်း ဘယ်လို  ခံစားရမှန်း မသိဘူး။ အဘွားအနေ နဲ့ ကုလည်းမကုနိုင်ပါဘူး။ ဒီလိုပဲ နေရမှာပေါ့၊    အခမဲ့ကုပေးမယ် ဆိုတော့ အဘွားကျေးဇူးလည်း တင်ပါတယ်။ အခုလို စီစဉ်ပေးတဲ့ တပ်မတော်အကြီးအကဲနဲ့ တာဝန် ရှိသူများကို ကျေးဇူးတင်ပါတယ်။ 
ဒေါ်မူမူအေး(ကမြိုင်ကျေးရွာ၊
ထုံးဘိုမြို့)
အစ်မက   မျက်စိမကောင်း  ဘူး၊      မျက်စိကမှုန်နေတာ ကြာပြီမို့ ဆေးခန်းပြချင်နေတာ၊ ပါရဂူတွေနဲ့ ပြချင်တာ။ ဒါပေမယ့် မကြုံကြိုက်တော့     မပြရဘူး။     ခုတော့ကြုံတော့ လာပြရတာပေါ့။    ကိုယ့်ဟာကိုယ်တော့   အရင်က   သံသယတွေနဲ့နေခဲ့ရတာ။   မျက်စိ က  ဘာဖြစ်လို့  ဖြစ်မှန်းမသိဘူး ဆိုတော့လေ။ အခုတော့ သေချာ စမ်းသပ်ပြီးတဲ့အခါကျတော့ ပါရဂူ တွေကနေ  မျက်မှန်လိုအပ်တယ်၊ ပါဝါတွေလည်း     ဘယ်လောက် နဲ့ဘယ်လောက်      တပ်ရမယ်၊ သောက်ရမယ့်ဆေးတွေ ညွှန်ကြား  ပေးတဲ့အတွက်   အခုအဆင်ပြေ သွားပြီ။  အပြင်မှာ     အခုလိုကာလ မျိုးမှာ    မျက်မှန်တစ်လက်  လုပ်ဖို့ ဆိုတာလည်း  မလွယ်ဘူး။ မျက်စိ ပြသ    စမ်းသပ်ဖို့ဆိုတာလည်း  မလွယ်ဘူးလေ။    အဲဒီအတွက်  အစ်မတို့က   ဒီလိုအခြေအနေကို   စောင့်နေတာ။ တကယ်လို့ အပြင် မှာပြမယ်ဆိုရင် မပြနိုင်တဲ့ အခြေ အနေပါ။    အခုလို  ဗိုလ်မှူးတို့၊ ဗိုလ်ကြီးတို့    ပါရဂူတွေ   လာတော့ ပိုပြီးတော့    အဆင်ပြေတာပေါ့။ ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်တယ်။    လှိုက်လှိုက် လှဲလှဲပေါ့။ အစ်မတို့ဆိုသွားတောင် ကြိုတာ   ကမ်းနားမှာ၊  ဆေးမှူး၊ ဗိုလ်မှူးတို့အဖွဲ့ကို    သွားကြိုပြီးမှ   ဒီမှာလာပြီးတော့ ပြန်ပြီးဆေးကု တာ။ နိုင်ငံတော်အကြီးအကဲတွေ ရော၊ တာဝန်ရှိသူတွေရော တကယ် ကျေးဇူးတင်ပါတယ်။       အခုလို အစစအရာရာ   ပံ့ပိုးပေးတယ်။   အခုဒီလာတော့လည်း   ကြိုဆိုရေး အဖွဲ့တွေနဲ့  အကုန်လုံးကလည်း ဖော်ရွေကြတယ်။ ကျေးဇူးတင် ပါတယ်၊     နောက်ထပ်ပြီးလည်း  ပြည်သူတစ်ယောက်     အနေနဲ့ ကြိုဆိုပါတယ်လို့     ပြောချင်ပါ တယ်။                    

သတင်းစဉ်