တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်    မေ    ၅


ရန်ကုန်တိုင်းဒေသကြီး    ကိုကိုး ကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ  ကမ်းရိုးတန်း ဒေသများမှ  ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့်     နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်  ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ   ၂၈၅     ဦးအား ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ  ရောဂါ  ၆၅ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ  ၂၈ ဦး၊  ကလေး ရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၄၃ ဦး၊ နား/  နှာခေါင်း/  လည်ချောင်း ရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၇ ဦး  စုစုပေါင်း ၂၈၅   ဦး တို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ  ဆောင်ရွက်ပေးသည်။

 


ထို့အပြင်   ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးကို      ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး  ဓာတ်မှန်ရိုက် လူနာ ၁၇ ဦး၊  အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၀၊  ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ   ၇၆  ဦး တို့ကို    ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ   ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း      သတင်းရရှိ သည်။    

                 

သတင်းစဉ်