
နေပြည်တော် နိုဝင်ဘာ ၁၇ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ငပုတောမြို့နယ် ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ (Sinekalone Shutter) တွင် အခြေပြု၍ ဒေသခံပြည်သူ ၂၉၀ ကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ရှစ်ဦး၊ သားဖွား/ မီးယပ်ရောဂါ ခုနစ်ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ကိုးဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၅၇ ဦး စုစုပေါင်း ၂၉၀ တို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ လေးဦးနှင့် ECG ဖြင့် နှလုံးစမ်းသပ်လူနာ ခြောက်ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို နီးစပ်ရာတပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်