
နေပြည်တော် နိုဝင်ဘာ ၁၆
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာ သည့်တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့သည် ကျောက်ဖြူမြို့ STUDENTS HOSTEL ၌ အခြေပြု၍ ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေး ကုသမှုဆိုင်ရာ ရောဂါ ၂၄၅ ဦး၊ ခွဲစိတ် ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၄၆ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၂၁၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၇ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ် လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ကိုးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦး စုစုပေါင်း ၈၂၇ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ တစ်ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးဝါး လာရောက်ကုသမှုခံယူသည့် ဒေသခံ ပြည်သူများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှု များအပေါ် ဒေသခံပြည်သူများ၏ စကား သံများကို ယခုလို ကြားသိခဲ့ရသည်-
ဒေါ်ခင်မိုးဦး၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊
ကျောက်ဖြူမြို့
ကျွန်မရဲ့ရောဂါက ခန္ဓာကိုယ်မှာ အသီးလေးတွေ နည်းနည်းပေါက်ပြီး ယားနေလို့ပါ။ အဲဒါ တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့က ရောက်လာပြီး ကုသ ပေးနေတယ်လို့ ကြားတဲ့အတွက် လာပြီး ကုသတာပါ။ ရောဂါဖြစ်နေတာက ခြောက်လလောက် ကြာသွားပါပြီ။ အပြင်မှာဆေးကုရင် ငါးသိန်းခြောက်သိန်း လောက်ကုန်မှာပါ။ ဒီမှာဆိုရင် ပိုက်ဆံ လည်း တစ်ပြားမှမကုန်ဘူး။ အလကား ကုပေးတယ်။ သောက်ဆေးတွေလည်း ပေးတယ်။ အဲဒါကြောင့် လာကုတာပါ။ ဆေးကုသပေးတဲ့ ဆရာဝန်လေးတွေက လည်း မျက်နှာလေးတွေက ချိုချိုသာသာ နဲ့ ကုသပေးပါတယ်။ လူနာတွေကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ အဲဒါ ကြောင့်လည်း လူတွေကလာပြီး ဆေးကုသ ကြတာများတယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက် ဝမ်းသာကြည်နူး ခံစားရပါတယ်။ ဝမ်းလည်း ဝမ်းသာပါ တယ်။ နှစ်စဉ်နှစ်တိုင်းလည်း အခုလိုပဲ လာရောက်ကုသပေးကြပါတယ်။ အရင် နှစ်တွေကလည်း အခုလိုပဲ လာရောက် ကုသပေးကြပါတယ်။ တစ်နှစ်မှာ နှစ်ခါ၊ သုံးခါလောက် ရောက်ကြပါတယ်။ ရောက် တိုင်းလည်း လူတွေအများကြီး လာရောက် ကုသကြပါတယ်။ နိုင်ငံတော်အကြီးအကဲ တွေနဲ့ ဆေးကုသပေးတဲ့ပါရဂူကြီးတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးဘယာ ကင်းရှင်းကြပါစေ၊ အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
သတင်းစဉ်