
နေပြည်တော် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှစတင်ထွက်ခွာသွားသည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေး ပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါ ဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးဝါး ဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိ၊ စစ်သည်များ နှင့်အတူ ရွေ့လျားခွဲစိတ် ကုသ ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ် နှင့် ရွေ့လျားသွားရောဂါ ခွဲစိတ် ကုသရေးယာဉ်တို့ ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရေဝေကျေးရွာသို့ ရောက်ရှိကြ ရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်