တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)မှ ဗိုလ်လောင်းများ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့အား သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် မတ် ၁၃ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅)မှ ဗိုလ်လောင်းများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး နှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့သို့ ယနေ့တွင် သွားရောက် လေ့လာကြသည်။ ဦးစွာ လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး သို့ ရောက်ရှိကြပြီး စေတီတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် ပူဇော်ကြပြီး စေတီတော်မြတ်ကြီး အား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့ သည် သူရဲကောင်းဗိမာန် (နေပြည် တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော် သားများအား ဂါရဝပြုအလေးပြု ကြပြီး ဗိမာန်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကာ အမှတ် တရစုပေါင်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်