တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်းသင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

 

နေပြည်တော်  မတ်  ၂၀ 


တပ်မတော်နည်းပညာတက္ကသိုလ်  ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၄)မှ  ဗိုလ်လောင်းသင်တန်း သားများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့်   သူရဲကောင်း ဗိမာန်(နေပြည်တော်)တို့သို့ ဒေသန္တရဗဟုသုတများ သွားရောက်လေ့လာခဲ့ကြသည်။

 


ဦးစွာလေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး စေတီတော်မြတ် ကြီးရှိ   ဗုဒ္ဓရုပ်ပွားတော်များအား  ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။   ထို့နောက် စေတီတော်မြတ်ကြီးအား      လှည့်လည်ဖူးမြော် ကြည်ညို၍ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့် ရှောက်ရေးဥယျာဉ်(နေပြည်တော်)ရှိ ရတနာဆင်ဖြူ တော်များအား ဆင်စာများကျွေးမွေးခဲ့ကြသည်။

 


ဆက်လက်ပြီး လေ့လာရေးအဖွဲ့က သူရဲကောင်း ဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေ ပြီးသော   တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြုအလေးပြုကြပြီး  ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကာ    အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 


အဆိုပါလေ့လာရေးအဖွဲ့များသည် ယမန်နေ့က လည်း နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ်ရှိ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုကို သွားရောက် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်