စစ်တွေ မတ် ၁၉
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ တပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲကို စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ ကြီး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က သွေးလှူဒါန်း ကြမည့် တပ်မတော်သားများအား လိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားပြီးနောက် သွေးလှူဒါန်းကြသည့် တပ်မတော်သားများ အား ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွေကာအုပ်၊ ဓာတ်ဆား၊ ခေါက်ဆွဲခြောက်နှင့် အားဖြည့်အချိုရည်များ၊ အလှူရှင်များက လှူဒါန်းသော ကြက်ဥနှင့် ဆန်ပြုတ်ထုပ် များကို ထောက်ပံ့ပေးအပ်ကြသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်သွေးလှူဒါန်းပွဲတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ စစ်သည်များနှင့် တပ်ဖွဲ့ဝင်များက သွေးအုပ်စု အမျိုးအစား မျိုးစုံ ၅၆ လုံးကို စုပေါင်းလှူဒါန်း ခဲ့ကြောင်း သိရသည်။
တင်ထွန်း
(ပြန်/ဆက်)