
နေပြည်တော် နိုဝင်ဘာ ၁၄
ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ်(စကု)တို့နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ပြည် မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်း တိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေး ရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၈၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၈၄ ဦးနှင့် သွားရောဂါ ၃၆ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ သုံးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦး စုစုပေါင်း ၅၁၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်-
ဦးဝင်းကြိုင်( ခရိုင်တပ်ဖွဲ့မှူး၊
ပြည်ခရိုင်ကြက်ခြေနီသူနာပြု
တပ်ဖွဲ့)
ကြက်ခြေနီဟာ နိုင်ငံတော်ရဲ့ အရန်အင်အားဖြစ်တဲ့ အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အကူများ လိုအပ်လာ ရင် အချိန်မရွေးအမြဲတမ်းပဲ အသင့်ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ နယ်လှည့်ဆေး ကုသရေးအဖွဲ့ လာတယ်ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် ပြည်ခရိုင်နဲ့ ပြည်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့က တပ်ဖွဲ့ဝင် အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး ငါး ဦး အားလုံးပေါင်း ၁၂ ဦး ဒီမှာလာ ပြီးတော့ မနေ့ကတည်းက ကူညီ နေတာဖြစ်ပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့အနေနဲ့ပဲ ပြောပြော၊ ပြည်သူတစ်ယောက် အနေနဲ့ပဲ ပြောပြော၊ ကျွန်တော်တို့ ပြည်သူ လူထုတွေက ဆေးကုသမှု အခက်အခဲ အများကြီးရှိတယ်။ တချို့ဆို ပါရဂူတွေကို မပြနိုင်ဘူး ပေါ့။ ဒီလို တပ်မတော်ကလာပြီး ဆေးကုသပေးတဲ့အတွက် ပြည်သူ တွေရဲ့ကိုယ်စား၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုများ ကိုယ်စား၊ ပြည်သူအားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။
အခုလို လာရောက်ကုသပေးတဲ့ အတွက် ကျွန်တော်တို့ လွယ်လွယ် ကူကူနဲ့ ဆေးတွေ ကုသရတယ်။ ဆေးတွေလည်း အလကားရ တယ်။ အပြင်မှာဆိုရင် တချို့ ဆေးထိုးဖို့တောင် မလွယ်တဲ့ မိသားစုတွေရှိနေတဲ့ အချိန်ကာလ မျိုးမှာ အခုလို လာရောက်ပြီးတော့ ကုသပေးတဲ့အတွက် ကျေးဇူး လည်းတင်ပါတယ်။ ဝမ်းလည်း သာပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ရည်ရွယ် ချက်က ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်ချက် ကြီး တစ်ခုရှိပါတယ်။ အဲဒီရည်ရွယ် ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ် သုံးခု ရှိပါတယ်။ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါ ဘေးတားဆီးရန်နဲ့ ဘေးဒုက္ခ ကျရောက်သူများကို ကူညီရန် ဆိုတဲ့ လုပ်ငန်းစဉ် သုံးခုနဲ့ ရည်ရွယ်ချက်ကို အောင်မြင် အောင်လို့ ကျွန်တော်တို့ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ တပ်မတော်အကြီးအကဲကိုလည်း ပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခ တွေကို ကူညီပေးလို့ ကျေးဇူးတင် ပါတယ်။ ကျွန်တော်ကြားတာဆို ရင် ဧရာဝတီမြစ်ရိုးတစ်လျှောက် တော်တော်များများ မြို့တွေဝင်လာ ခဲ့တာပေါ့နော်။ အဲဒီအတွက် တပ်မတော် အကြီးအကဲကို လည်း ကျေးဇူးအထူးတင်ပါတယ်။ ပြည်သူလူထုတွေကို စောင့်ရှောက် ပေးတဲ့အတွက်၊ ကာကွယ်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါ တယ်လို့ ဒီနေရာကနေ ပြည်သူ လူထုကိုယ်စား ပြောလိုပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။
ဦးသောင်းအေး
(နဝင်းရပ်ကွက်၊ ပြည်မြို့)
ကျွန်တော့်ရောဂါက ကျော အောင့်တယ်၊ ဗိုက်က နာတယ်။ အဲ့ဒါကို ဆရာဝန်နဲ့ ပြတယ်။ ပြပြီးတော့ ကျောအောင့်တာ သက်သာပြီး ဆီးချုပ်သွားတယ်။ ဆီးချုပ်သွားလို့ အခုဆေးအဖွဲ့ကို လာပြီး ကုသမှုခံယူတာဖြစ်ပါ တယ်။ ရပ်ကွက်ထဲက လူတွေက ဒီမှာ တပ်မတော်က ဆေးကုသမှု အဖွဲ့တွေ ရောက်နေတယ်။ အဲဒါ သိတာနဲ့ ဒီနေ့လာတာပါ။ ဆရာဝန်တွေက ဆေးတွေ စစ်တယ်။ ဆေးကုသထားတဲ့ မှတ်တမ်းတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ဒါလိုတယ်။ ဒါက မလိုဘူး။ သူတို့ပေးတဲ့ ဆေးတွေ အခုကျွန်တော် သောက်ရမှာပါ။ ကျွန်တော်က ဆီးကျိတ်ရှိတယ်။
ဒါမျိုးက အမြဲတမ်း လူတိုင်း လူတိုင်းက မျှော်လင့်တောင့်တ နေတာ။ နေ့တိုင်းနေ့တိုင်း ရပ်ကွက်တိုင်းကို ဒီလိုလာရင် ကျွန်တော်တို့က ပိုပြီးတော့ သဘောကျလေးပဲလေ ။ ဘာလို့လဲ ဆိုတော့ မရှိဆင်းရဲသားတွေက အများကြီးရှိတယ်။ အဲဒီလို လူမျိုး တွေက ဒါမျိုးကို ကျွန်တော်တို့ မျှော်ပြီး အားကိုးနေရတာ။ ဆေးခန်း သွားမယ်ဆိုလည်း ဈေးတွေက သိတဲ့အတိုင်းပဲလေ အလွန်ကြီးတာကို။ တပ်မတော် အကြီးအကဲတွေကိုလည်း ဒါမျိုး လေးအမြဲတမ်း လာနေမယ်ဆိုရင် တော့ ကျွန်တော်တို့ သဘောကျ တာပေါ့။
သတင်းစဉ်