
နေပြည်တော် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိ နေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့ တွင် ဖျာပုံမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၉၀ အား ၎င်းမြို့ရှိ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန၌ အခြေပြု၍ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၅ ဦး၊ ခွဲစိတ်ရောဂါ ၄၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးအကြောရောဂါ ၁၅၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၉ ဦး၊ မျက်စိရောဂါ ၁၂၈ ဦးနှင့် သွားရောဂါ ၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၁၀ ဦးနှင့် မျက်စိခွဲစိတ် လူနာ ၁၂ ဦးတို့ကို ခွဲစိတ်ကုသပေး ခြင်းများနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်