တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ  ၂၈


ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရှိ          ဒေသခံပြည်သူများအား ကျန်းမာရေး        စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးရန် အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်           (ရွှေပုဇွန်)၊ မြစ်ရေယာဉ်  (စကု)   တို့နှင့်အတူ လိုက်ပါလာသည့်  တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များ ပါဝင်သော နယ်လှည့်အထူး ကုဆေးအဖွဲ့သည်     ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး    မအူပင် မြို့နယ်     လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက       မဟာသတိပဋ္ဌာန် ကျောင်းတိုက်၌    အခြေပြု၍ မအူပင်မြို့နှင့်      ပတ်ဝန်းကျင် ကျေးရွာများမှ  ဒေသခံပြည်သူ ၅၀၆   ဦးကို    ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ    ဆက်လက် ဆောင်ရွက်ပေးသည်။
စီစဉ်ဆောင်ရွက်
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ   ရောဂါ ၁၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၉ ဦး၊ ကလေး ရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၇၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ  ၉၁ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို  လိုအပ် သည့်         ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။     ထို့ပြင် အထွေထွေခွဲစိတ်လူနာ  လေးဦး၊ မျက်စိခွဲစိတ်လူနာ  ခြောက်ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၀  နှင့်   ဓာတ်ခွဲစမ်းသပ်လူနာ ၁၄  ဦးတို့ကို   ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ  ဆောင် ရွက်ပေးပြီး    ဆေးရုံတက်ရောက် ကုသရန်   လိုအပ်သူ  တစ်ဦးကို  နီးစပ်ရာ      တပ်မတော်ဆေးရုံသို့     တက်ရောက်ကုသနိုင်ရေး     စီစဉ် ဆောင်ရွက်ပေးသည်။ 
လှူဒါန်း
ယင်းသို့ ဆောင်ရွက်နေမှုများ ကို  တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြ သော  ဒေသခံပြည်သူများအား နေ့လယ်စာ      ထမင်းဘူးများ ပေးဝေလှူဒါန်းသည်။
အောင်မြင်စွာမွေးပေးနိုင်
ထို့ပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ယနေ့မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ခန့်တွင်     မအူပင်မြို့နယ်  ထနီကျေးရွာမှ       မီးဖွားလူနာ မဇင်မီမီထက်ကို  ၇  ပေါင်  ၅ အောင်စရှိသော  သားဦးရတနာ လေးအား အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ပြီး   မိခင်နှင့်ကလေးမှာ ကျန်းမာရေး    ကောင်းမွန်လျက်ရှိ သည်။ အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်  (ရေ)  မှ မောင်စိုးထက်ရွှေဟု  အမည်ပေး ပြီး  ထောက်ပံ့ငွေနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက     ကိုယ်စား     ပေးအပ်သည်။  ၎င်း ကလေးငယ်သည်   ယခုဆေးကုသ မှု   ခရီးစဉ်တွင်  ဒုတိယမြောက် မွေးဖွားပေးခဲ့သော         ကလေးငယ် ဖြစ်ပြီး    မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်) သမိုင်းမှတ်တမ်း တွင်  ၂၈ ယောက်မြောက်အဖြစ်     အောင်မြင်စွာ        မွေးပေးနိုင်ခဲ့ ခြင်းဖြစ်သည်။
 ထောက်ပံ့ငွေများပေးအပ်
၎င်းအပြင် ယခင်နယ်လှည့် ဆေးကုသမှု ခရီးစဉ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ      ၁၁     ရက်တွင်   တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ မွေးဖွား ပေးခဲ့သော    မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု တမလို ကျေးရွာမှ ဦးစိုးလင်းနှင့် ဒေါ်ကေ ခိုင်ဝင်းတို့၏   သားငယ်ဖြစ်သူ မောင်နေဇွန်မင်းကိုလည်း  လက် ဆောင်ပစ္စည်းများနှင့်  ထောက်ပံ့ ငွေများ  ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်-
ဦးငွေသောင်း (ဒေသခံ)
တပ်မတော်   နယ်လှည့်ဆေး ကုသရေးအဖွဲ့တွေ   ရောက်နေ တယ်လို့ တစ်ဆင့်စကား တစ်ဆင့် ကြားပြီး    အဘိုးသိရှိခဲ့ရပါတယ်။  အဘိုးတို့လို      ဒုက္ခိတတွေ၊ မမြင်မစမ်းဖြစ်နေတဲ့      လူတွေ၊ ချို့တဲ့နွမ်းပါးတဲ့သူတွေကို     ကုသ ပေးတဲ့    နိုင်ငံ့ ခေါင်းဆောင်တွေရော  သားတို့လို   အဖွဲ့အစည်းတွေရော၊  ကျန်းမာလို့    ချမ်းသာပြီးတော့၊ တစ်နေ့တခြား    လုပ်ငန်းကိုင်ငန်း တွေ    တိုးတက်     အောင်မြင်ပြီး အန္တရာယ်အမျိုးမျိုးနဲ့       ကင်းဝေး ပါစေဗျာ။   ဘဝကလည်း     အဆင် မပြေတဲ့အတွက်ကြောင့်   ဒီနေရာ မှာလာပြီး  ကုသရတာ တကယ်ကို ဝမ်းမြောက်ဝမ်းသာနဲ့    ကြည်နူး မိပါတယ်။ သိပ်ပြီးတော့  ချစ်စရာ ကောင်းပါတယ်။ တကယ်ချစ်စရာ ကောင်းပါတယ်။      အင်မတန်မှ လည်း        ကျေးဇူးတင်ပါတယ်။   ပျော်လို့မဆုံး၊    ဝမ်းသာလို့မဆုံး    ဖြစ်မိပါတယ်။    အခုလာရောက် ကုသပေးတဲ့   အဖွဲ့သူ၊     အဖွဲ့သား တွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့    နိုင်ငံ့ ခေါင်းဆောင်တွေ  တစ်သက်လုံး အန္တရာယ်အမျိုးမျိုးနဲ့     ကင်းဝေး ပါစေ။      လုပ်လေရာကိုင်လေရာ နေရာတိုင်းမှာ    အန္တရာယ်အမျိုးမျိုး ကင်းဝေးပြီး          ကိုယ့်ရဲ့လုပ်ငန်း ကိုင်ငန်းတွေကို          သူတစ်ပါးက မဖျက်ဆီးနိုင်ဘဲ  အောင်မြင်ပါစေ လို့   ဆုတောင်းမေတ္တာ   ပို့သလိုက် ရပါတယ်။              
 

သတင်းစဉ်