တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တို့တွင် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၄ 
ရခိုင်ပြည်နယ်     ဘူးသီးတောင် မြို့နယ်     ပုလဲတောင်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက်က တပ်မတော်မှ လက်နက်ကြီးဖြင့်     ပစ်ခတ်မှု ကြောင့်      ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာညီအစ်ကို သုံးဦး  သေဆုံးခဲ့ပြီး  ရှစ်ဦးထက် မနည်း      ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း   သတင်းတု၊    သတင်း အမှားများကို     တရားမဝင်ပြည် ဖျက်မီဒီယာက  လူမှုကွန်ရက်ပေါ် တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍     မြေပြင်သတင်းပေးပို့ချက် များနှင့်   ဘူးသီးတောင်မြို့နယ်မှ  လုံခြုံရေး    တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ ဘူးသီးတောင် မြို့နယ်အတွင်းရှိ     ကျေးရွာများ အား ဇန်နဝါရီ ၂၃ ရက်တွင် AA သောင်းကျန်းသူများက လက်နက် ကြီးများဖြင့်       ပစ်ခတ်မှုကြောင့်  ပုလဲတောင်        ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများနေထိုင်ရာ   မြို့၊  ရွာ များကို လက်နက်ကြီးဖြင့်ပစ်ခတ် မှုမရှိကြောင်း သိရသည်။
အလားတူ   ပဲခူးတိုင်းဒေသ ကြီး       ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၂၁ ရက် တွင်  တပ်မတော်က လက်နက်ကြီး ဖြင့်   ပစ်ခတ်မှုကြောင့်   လိန်ပင်ဝဲ  ကျေးရွာ   ဖိုးအင်ကုန်းမှ   ပြည်သူ  နှစ်ဦးနှင့် ဝါချဲကျေးရွာမှ ပြည်သူ  တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နေအိမ်လေးလုံး ပျက်စီးခဲ့သည်ဟု   မဟုတ်မမှန်          သတင်းများကို လူမှုကွန်ရက်ပေါ်တွင်   ရေးသား ဖြန့်ဝေလျက်ရှိပြီး  မြေပြင်စုံစမ်း သိရှိရသော        သတင်းများအရ ဇန်နဝါရီ ၂၁ ရက်တွင် အဆိုပါမြို့ နယ်ရှိ   ကျေးရွာများ    ဝန်းကျင် အနီး၌  တပ်မတော်စစ်ကြောင်း များ    နယ်မြေလုံခြုံရေး    တာဝန် ထမ်းဆောင်မှုကို      အကြမ်းဖက် သောင်းကျန်းသူများက အဝေးမှ  လက်နက်ကြီးများဖြင့်     ပစ်ခတ် ခြင်း၊ Drop Bobm ချ တိုက်ခိုက် ခြင်းများ       လုပ်ဆောင်ခြင်းတို့ ကြောင့်       ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ် ခဲ့ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များအနေဖြင့် တပ်မတော်အပေါ်  နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက် ရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် အတွက်  မြေပြင်နှင့် လွဲမှားသည့်  သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများမှ အထင်အမြင်  လွဲမှားစေရန်  လူမှု ကွန်ရက်         စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။                 သတင်းစဉ်