တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

 

နေပြည်တော် နိုဝင်ဘာ ၁၉


တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လေ့ကျင့်ပျံသန်းစဉ် သရက်ချောင်းမြို့  တောင်ဘက် မီတာ ၉၀၀၀ ခန့်အကွာသို့အရောက်      စက်ချွတ်ယွင်းမှုဖြစ်ပွားခဲ့သဖြင့်     အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် လေယာဉ်မှူး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်