
နေပြည်တော် ဖေဖော်ဝါရီ ၆
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ မဟာမြတ်မုနိ ကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက်၊ မြို့မကျောင်း တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေး သဗ္ဗညုကျောင်း နှင့် ဓာတ်စွမ်းဟုန်ဘုန်းကြီးကျောင်း၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်၊ မှော်ဘီမြို့နယ် ကိုးလုံးကွင်းကျေးရွာရှိ သာသနရက္ခိတကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်လျားကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် အလ္လကပ္ပကျောင်းတိုက် စံပြကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးရပ်ကွက် မဟာ သီရိခေတ္တရာ မရှိခဏဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်