တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော်  ဒီဇင်ဘာ  ၁၅


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့်    စေတနာရှင်   အလှူရှင်များက  မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းများဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်   ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မင်္ဂလာရိပ်သာတောရကျောင်း၊ မဏိရတနာ ကမ်းနားဘုန်းတော်ကြီးကျောင်း၊   ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံ မြို့နယ် ချစ်တီးကုန်း(၁/က)စံပြရပ်ကွက်ရှိ ကံသုံးဆင့်ပရိယတ္တိစာသင် တိုက်၊ မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ စံပယ်ခြံတပ်ဦး ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့ရှိ ကန်သာယာ ကျောင်းတိုက်၊ ဖျာပုံမြို့ရှိ ဝေဇယန္တာစာသင်တိုက်၊ မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပိဋကတ်ကျောင်း မိုးထားကျောင်းတိုက်၊ ပြင်ဦးလွင်မြို့ရှိ ဓမ္မဝိပဿီကျောင်းတိုက်၊ မိုးညိုကျောင်းတိုက်၊ ဆင်ဖြူ ကန်ကျောင်းတိုက်နှင့် ခန္တီးကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်