တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်-၁၉  ရောဂါ   ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့်    ကာလအတွင်း ဆွမ်းကိစ္စရပ်များ        အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး  စစ်ဆေးပေးခြင်းများကို    ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ   ပရိယတ္တိစာသင်တိုက် များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊  ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၁၂၂၇၆၀၀၀၊ ဆန် ၆၇၂ အိတ်၊ ဆီ ၂၀၁ ဒသမ ၆၀ ပိဿာ၊ ပဲ ၂၀၁၆ ပိဿာ၊ ဆား ၂၀၁၆ ပိဿာ၊  လက်သန့်ဆေးရည် ၄၆၀၅ ဘူးနှင့် ဆေးမျိုးစုံ ၁၁၉၄ ဘူးတို့ကို နေပြည် တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့်   အဖွဲ့ဝင်များက  မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်သို့သွားရောက်၍ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ အမှူးပြုသော  သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။   ထို့နောက်  နယ်မြေခံ တပ်မတော်သားများက သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့   လိုက်လံပို့ဆောင်၍   ဆက်ကပ် လှူဒါန်းပေးသည်။
ထို့အပြင် ယနေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့ရှိ ဓမ္မရက္ခိတခြံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်   ရှမ်းကုန်းကျေးရွာရှိ    ရှမ်းကုန်း ပရိယတ္တိစာသင်တိုက်နှင့်    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမဂ္ဂင်စာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်  သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ  မဟာမုနိန္ဒာရမကျောင်းတိုက်၊  မင်္ဂလာဉာဏိကာရမနားဆောက်ဥယျာဉ်ကျောင်းတိုက်၊    ပါရမီ ကျောင်းတိုက်နှင့် သာသနရံသီ သီလရှင်စာသင်တိုက် တို့ရှိ ဆရာတော်၊  သံဃာတော်များနှင့် သာသနာ့  နွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့်  ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ    ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                              သတင်းစဉ်