တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မအလှူငွေများ လှူဒါန်း


 

 

နေပြည်တော်    မေ     ၈
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊  သာသနာ့နွယ်ဝင်  သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊ ပဲ  အမယ်  လေးမျိုးနှင့်  လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး  မရမ်းကုန်းမြို့နယ်  အမှတ် (၅)ရပ်ကွက်ရှိ သီရိဓမ္မရုံကျောင်းတိုက်၊ မှော်ဘီမြို့နယ် ကွမ်းခြံကုန်းကျေးရွာရှိ        ကိုးလုံးကွင်းပရိယတ္တိ စာသင်တိုက်၊   ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ ဘန်ဘွေးကုန်းကျောင်းတိုက်၊ ရခိုင်ပြည်နယ် အမ်း မြို့    ဒိုင်ကြီးကျေးရွာရှိ    ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ       စေတျာရာမဘုန်းတော်ကြီး ကျောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့နယ်သာသနဟိတသုခကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  ရေတာရှည်မြို့နယ် အောင်ချမ်းသာ ကျေးရွာရှိ မယ်ဒက်ကယ်ဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်  လှူဖွယ်ပစ္စည်းများကို  တိုင်းစစ် ဌာနချုပ်အသီးသီးမှ    တိုင်းမှူးများနှင့်   တာဝန်ရှိ သူများက    သွားရောက်ဆက်ကပ်    လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်