
နေပြည်တော် ဧပြီ ၁၁
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင် ပြည်နယ် လှိုင်းဘွဲမြို့ မဟာသုမေဓာရာမတောရ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အောင်သပြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရွာကြီး ကျေးရွာ ရွှေရင်မြော်ဘုရားဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တောစိမ့် ကျေးရွာ မင်္ဂလာတောရဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး ဆေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်