တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    ဧပြီ     ၁၀


တပ်မတော်  (ကြည်း၊  ရေ၊  လေ) အရာရှိ၊   စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်    စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ     ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း ခြင်းနှင့်   ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    ဧရာဝတီတိုင်းဒေသ ကြီး အိမ်မဲမြို့ ရွှေဟင်္သာကမ္မဋ္ဌာန်း ကျောင်းတိုက်နှင့် ကရင်ပြည်နယ်       သံတောင်ကြီးမြို့ သာသနဟိတ      ကာရီတပ်ဦး      ဘုန်းတော်ကြီး ကျောင်းတို့မှ ဆရာတော်၊  သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက်  ဆွမ်းဆန် တော်၊  ဆီ၊  ဆား၊  ပဲ  အမယ် လေးမျိုး၊  နဝကမ္မအလှူငွေများ၊    ကိုဗစ်-၁၉     ရောဂါ  ကာကွယ်ရေး  အထောက်အကူပြု   ပစ္စည်းများ၊        နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက   သွားရောက်   ဆက်ကပ်လှူဒါန်း ကြပြီး ဆေးအဖွဲ့များက  လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများ      ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်