တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့်  စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့်  နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်   ဧပြီ     ၄
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်  မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ    အောင်ဇေရန်အောင်     တပ်ဦးကျောင်းတိုက်သို့ လည်းကောင်း၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မရက္ခိတ  ကျောင်းတိုက်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ဖန်ချက်တောရ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ရှိ မှဏ်ကျောင်း တိုက်နှင့်   မန္တလေးတိုင်းဒေသကြီး  မဟာအောင်မြေမြို့နယ်ရှိ  မဟာ ဓမ္မိကာရာမကျောင်းတိုက်များသို့ လည်းကောင်း ဆရာတော်၊ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို   သွားရောက်  ဆက်ကပ်လှူဒါန်းကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်