
နေပြည်တော် ဖေဖော်ဝါရီ ၅
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက် နှင့် ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မုံးထမြို့ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အသောကာရုံရွှေကျင်စာသင်တိုက်၊ ဆိပ်ကြီးခနောင် တိုမြို့နယ် ခနောင်တိုအရှေ့ရပ်ကွက်ရှိ ဓမ္မပီတိ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ တေဇနိမ္မိတာရုံကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့ ပေါမိုင်းရပ်ကွက်ရှိ မဟာသုခိတာရာမတောရ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာဇံမြို့နယ် အလ္လကပ္ပကျောင်းတိုက် ရွှေဓါးဗိုလ် ကျောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့ ရွှေစေတီကျောင်းတိုက်၊ ပြည်မြို့ မူယာပင် ရပ်ကွက်ရှိ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်