တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၈
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင်အလှူရှင်များက    မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်     သီလရှင်ကျောင်း များနှင့်      ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ  အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်    ရှမ်းပြည်နယ်     (မြောက်ပိုင်း) လားရှိုးမြို့ရှိ     သီရိမင်္ဂလာ  မန်ဆူရှမ်း ကျောင်း၊   ရှမ်းပြည်နယ်  (အရှေ့ပိုင်း) မိုင်းဖြတ်မြို့   စိတ္တသုခဘုန်းတော်ကြီး ကျောင်း၊        ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်    ထော်အောက်ကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၊   ဧရာဝတီ တိုင်းဒေသကြီး     ကန်ကြီးထောင့်မြို့ ဉာဏသုခကျောင်းတိုက်၊ ရခိုင်ပြည်နယ်  အမ်းမြို့နယ်    အေးရိပ်သာဘုန်းတော် ကြီးကျောင်းတိုက်၊    ဘူးသီးတောင် မြို့နယ်     ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်၊ စစ်တွေမြို့ ပညာတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်၊     တောင် ကုတ်မြို့နယ် သဒ္ဓမ္မရောင်ရှိန်ဘုန်းတော် ကြီး     ကျောင်းတိုက်၊       ဂွမြို့နယ် တောင်ပေါ်    ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်    သန္တိသုခကျောင်းတိုက်တို့ရှိ ဆရာတော်၊         သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ အမယ် လေးမျိုး၊       နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉    ရောဂါ     ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ      တိုင်းစစ်ဌာနချုပ်   အသီးသီးမှ တိုင်းမှူးများနှင့်     တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ        သီရိမင်္ဂလာ    မန်ဆူ ရှမ်းကျောင်း၌ “သီရိမင်္ဂလာဓမ္မရတနာ” သုံးထပ်ကျောင်းဆောင်သစ်    ဆောက် လုပ်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်း ကို      အရှေ့မြောက်တိုင်း    စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင် များက သွားရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်