တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဧပြီ   ၁၇


တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့   ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ  အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ   အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်နှင့်  ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ယွန်းကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မ အလှူငွေ များ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ  တိုင်းမှူးများနှင့်  တာဝန်ရှိသူများက  သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                  

သတင်းစဉ်