
နေပြည်တော် နိုဝင်ဘာ ၁၈
၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက် ကျင်းပသည်။
တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ များဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ တပ်နယ်အားကစားခန်းမ ၌ ၅၇ ကီလို လူသစ်တန်း(အကြို ဗိုလ်လုပွဲ)၊ ၄၈ ကီလို(က)အဆင့် (ဗိုလ်လုပွဲ)၊ ၅၄ ကီလို (က) အဆင့် (အကြိုဗိုလ်လုပွဲ) ၆၇ ကီလို(က)အဆင့် (အကြိုဗိုလ်လုပွဲ)၊ ၆၇ ကီလို အလွတ်တန်း (အကြို ဗိုလ်လုပွဲ)၊ ၇၁ ကီလို အလွတ် တန်း(အကြိုဗိုလ်လုပွဲ)၊ ၈၀ ကီလို အလွတ်တန်း (အကြိုဗိုလ်လုပွဲ)ပွဲစဉ် ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ ၁၀ မျိုးစုံ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး မီတာ ၅၀၀၀ ပြိုင်ပွဲ၊ ၁၀ မျိုးစုံ မီတာ ၁၁၀ တန်းကျော် အပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ သံပြား ဝိုင်းပစ်ပြိုင်ပွဲ ၊အမျိုးသား/အမျိုး သမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ ၊ ၁၀ မျိုးစုံ တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ လှံတံ ပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ လူရွေးပွဲနှင့် ဗိုလ်လု ပွဲစဉ်များကိုလည်းကောင်း၊ ဂျူဒို ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A)၌ အမျိုးသား/အမျိုးသမီး ကီလို တန်းအလိုက်ရှုံးထွက်ပွဲစဉ်များကို လည်းကောင်း၊ ဇေယျာသီရိ အားကစားရုံ (C) ၌ ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် လက် ထောက်နည်းပြအဆင့် ဓားတစ် လက်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓားတစ်လက်အတိုက် ပြိုင်ပွဲ၊ အမျိုးသားဓားနှစ်လက် အတိုက် ပြိုင်ပွဲများကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ် တန်း သုံးယောက်တွဲ အသင်း လိုက် အုပ်စုပတ်လည်ပွဲစဉ်များနှင့် အလွတ်တန်း နှစ်ယောက်တွဲ အသင်းလိုက် အကြိုဗိုလ်လု ပွဲစဉ်များ၊ ကရာတေးဒို ပြိုင်ပွဲတွင် လူသစ်တန်း ၈၄ ကီလိုတန်း အထက် ကုမိတဲ့ပြိုင်ပွဲ၊ အကြီး တန်း ၆၇ ကီလိုအောက်၊ ၇၅ ကီလိုအောက်၊ ၈၄ ကီလိုအောက်၊ ၈၄ ကီလိုအထက် ကုမိတဲ့ ပြိုင်ပွဲ၊ နည်းပြများ ခတနှင့် ကုမိတဲ့ ပြိုင်ပွဲတို့ကို လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများ သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊ပြိုင်ပွဲဝင် အားကစားသမားများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်