တပ်မတော်ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဧပြီ    ၂၃


တပ်မတော်   ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်  ဘွဲ့လွန်ဘွဲ့နှင်း သဘင်  အခမ်းအနားကို   ယနေ့ နံနက်ပိုင်းနှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနား ကို နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး         မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်   ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်          ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး     ဗိုလ်မှူးချုပ် အောင်မင်းဦး၊  တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူး ချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ               ပညာရေး အဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိများနှင့် ၎င်းတို့၏ မိသားစု ဝင်များ၊   ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

 


အစီအစဉ်အရ  တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့်   ပညာရေးအဖွဲ့ ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ သို့ ဝင်ရောက်၍ သတ်မှတ်နေရာ များတွင်  နေရာယူကြပြီးနောက် မြန်မာ့ဆိုင်း   တူရိယာအဖွဲ့က နိုင်ငံတော်သီချင်း  တီးမှုတ်ကာ ဘွဲ့နှင်းသဘင်         အခမ်းအနား ကို    ဖွင့်လှစ်သည်။  ထို့နောက် ပါမောက္ခချုပ်က  ဘွဲ့နှင်းသဘင် ကျင်းပကြောင်း    ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊   မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ် ထံသို့   ပို့ဆောင်ခြင်းတို့ကို  အစီ အစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 


ထို့နောက် အဆိုပါ  ဘွဲ့နှင်း သဘင်နှစ်ရပ်တွင် ပါမောက္ခချုပ် က  ဘွဲ့ရရှိမည့် ပါရဂူဘွဲ့ ၅၆ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၇၅ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၃၂ ဦး၊  ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့   ၄၅   ဦး စုစုပေါင်း  ၂၀၈  ဦးတို့အား   ဘွဲ့ လက်မှတ်များ   ချီးမြှင့်အပ်နှင်း သည်။

 

ဆက်လက်  ပါမောက္ခချုပ်က   အွန်လိုင်းစနစ် ဖြင့်   ဘွဲ့ယူမည့်  ပါရဂူဘွဲ့  နှစ်ဦး၊ ဆေးပညာမဟာ သိပ္ပံဘွဲ့  ၂၅၁ ဦး၊   ဆေးပညာ သင်ကြားရေးဘွဲ့လွန် ဒီပလိုမာဘွဲ့ ၂၇ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့   ၇၇   ဦး  စုစုပေါင်း   ၃၅၇   ဦးတို့အား ဘွဲ့ချီးမြှင့်အပ်နှင်းကာ     ဘွဲ့ရ သူများအား    ဘွဲ့များနှင့်လျော်ညီ သော အဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့်  ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင်  လက်မှတ် ရေးထိုးသည်။

 


ယင်းနောက် ကျောင်းအုပ်ကြီး က           ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီးနောက်  အခမ်းအနား ကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်           ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး         အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။

 


တပ်မတော် ဆေးတက္ကသိုလ် အနေဖြင့်           ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၄၉၀   ဆေးလက်တွေ့နှင့်          ဆေး လက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊  ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များ   ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ် သည်။  လက်ရှိဆေးပညာမဟာ သိပ္ပံ ဘွဲ့လွန် အမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိ   ၅၈   ဦး၊ အမှတ်စဉ်(၂၈) တွင် သင်တန်း သားအရာရှိ ၂၀၁ ဦး၊  အမှတ်စဉ် (၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး  စုစုပေါင်းဘွဲ့လွန်သင်တန်း သားအရာရှိ ၅၆၃ ဦး သင်တန်း တက်ရောက်နေဆဲ  ဖြစ်ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်