တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်   ဇူလိုင်   ၁၄


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တပ်မတော် ဆေးရုံ၌   တက်ရောက်ကုသမှု   ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များကို    ယနေ့တွင်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့်     ကျန်းမာရေးတိုးတက်မှုကို ရင်းရင်းနှီးနှီး     မေးမြန်းအားပေးစကားပြောကြား ပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက  ဆေးရုံအတွင်း  လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသည့်   ဒေသခံတိုင်းရင်းသားပြည်သူများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်    တိုင်းမှူး  ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်  တာဝန်ရှိသူများက  သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့်  ကျန်းမာရေးတိုးတက်မှုအခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ဆေးရုံရှိ  ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်