တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် နိုဝင်ဘာ   ၁၈


ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နယ်မြေခံ  တပ်မတော်ဆေးရုံ၌ တက်ရောက်   ဆေးကုသမှုခံယူ လျက်ရှိသော  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်  ဒေသခံပြည်သူ များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊    အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် လှမိုးနှင့်     အဖွဲ့ဝင်များကလည်း ကောင်း ၊    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ   နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု   ခံယူလျက်ရှိသော  အရာရှိ၊  စစ်သည်၊ မိသားစုများနှင့်  ဒေသခံပြည်သူများကို ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး    ခင်လှိုင်၊   အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်       မြတ်သက်ဦးနှင့်    အဖွဲ့ဝင်များက   လည်းကောင်း ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့်      ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြား ကြပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ   ပေးအပ်ကာ     ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

 


အလားတူ     ရှမ်းပြည်နယ် (အရှေ့ပိုင်း)    ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့ရှိ    တပ်မတော် ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့ရှိ     တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု    ခံယူ နေသူများအား     ယနေ့တွင် သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက     သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး      ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန် မှု အခြေအနေများအား မေးမြန်း အားပေးစကား       ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် ကာ ဆေးရုံများအတွင်းလှည့်လည် ကြည့်ရှု၍      လိုအပ်သည်များ ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်