
နေပြည်တော် ဖေဖော်ဝါရီ ၂
နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော် ဆေးရုံကြီ(ခုတင်-၁၀၀၀) နှင့် တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင်-၃၀၀)၊ ကချင်ပြည်နယ် တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိ တပ် မတော်ဆေးရုံ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)။
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ် ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ တပ်မတော်ဆေးရုံ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် ပြည်မြို့တို့ရှိ တပ်မတော်ဆေးရုံ များ၌ တက်ရောက်ဆေးကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီး သီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန် မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ပြီး အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများ အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်