တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်  ဇူလိုင်  ၂၉


ရဲဘော်စိတ်ဟူသည်     ရဲဘော် အချင်းချင်းအပေါ်  ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်  ဖြစ် သည်နှင့်အညီ   တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထား ရှိပြီး အထက်အောက်ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ် ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန် အတွက်    ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Com-mander Spirit)၊  ဖခင်သဖွယ် စိတ်ဓာတ် (Fatherly Spirit)တို့ ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက် လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ   တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများသို့     သွားရောက်၍       အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ  ပြုလုပ်ပေး၍ တက်ရောက်အားပေးကာ   အရာ ရှိ၊   စစ်သည်၊   မိသားစုများနှင့်  အတူတကွ  လက်ရည်တစ်ပြင် တည်း သုံးဆောင်ခဲ့ကြသည်။

 


အလားတူ တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော်  အရာရှိကြီးများက လည်း  ၎င်းတို့၏   ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး   တွေ့ဆုံနှုတ်ဆက် ပြီး    ဂုဏ်ပြုစားပွဲများ      ပြုလုပ်၍    တက်ရောက်အားပေးကာ အရာရှိ၊  စစ်သည်၊  မိသားစုများနှင့်   အတူ တကွ       သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်