
နေပြည်တော် ဇူလိုင် ၂၇
ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ် သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထား ရှိ ပြီး အထက်အောက်ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ် ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန် အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit)၊ ဖခင် သဖွယ် စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများသို့ သွား ရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြု စားပွဲများ အသီးသီးပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူ တကွ လက်ရေတစ်ပြင်တည်း သုံးဆောင်ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများက လည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ် ၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ သုံးဆောင်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်