
နေပြည်တော် အောက်တိုဘာ ၂၃
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ ငွေဟင်္သာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ် ကြီး မြောက်ရပ်ကွက်ရှိ လိပ်ပြာကန်ကျောင်းတိုက်၊ မရမ်းကုန်း မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ စမ်းချောင်းကျောင်းတိုက်၊ မင်္ဂလာဒုံ မြို့နယ် ရွှေနံသာကျေးရွာရှိ ရွှေနံသာဘုရားကြီးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ခါတော်မှီကျောင်းတိုက် ပါဠိတက္ကသိုလ် ကျောင်းတိုက်နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့ ရန်နိုင်ရပ်ကွက် ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်