
တပ်ကုန်း နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ နေပြည် တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကွင်းအမှတ် (၁၄၀၇) ကွင်း၊ မြေအောက်ရေများကို အသုံးပြု စိုက်ပျိုးသော ပန်းမုန်လာပွင့်စိုက် တောင်သူများ အပင်များ အောင်မြင် ဖြစ်ထွန်းကာ ပိုးမွှားကင်း၍ ပန်းပွင့်များ လှပရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။
“စိုက်ပျိုးရေးလုပ်ငန်းတွေကို မိဘလက်ထက် ကတည်းက လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဒီနှစ် ဒသမ ၈၀ ဧကစိုက်ကွက်ကို ဆောင်းသီးနှံအဖြစ် ပန်းမုန်လာ ပွင့် အပင် ၅၀၀၀ စိုက်ပျိုးထား ပါတယ်။ ထယ်ရှဉ်း၊ မျိုးဖိုး၊ ဆေးဖိုး၊ အလုပ်သမားခအပါအဝင် သွင်း အားစုပစ္စည်းတွေလည်း ဈေးတက် တော့ ကုန်ကျစရိတ်များပါတယ်။ ယခင်နှစ်က ဒသမ ၈၀ ဧက ပန်းမုန်လာပွင့်စိုက်ခင်း ၆၅ ရက် သားကို အခင်းပြတ်ဈေး သိန်း ၂၀ နဲ့ ရောင်းချရပါတယ်။ ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်းက လပိုင်း အတွင်း ဝင်ငွေရရှိတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်။ အခုနှစ်မှာ အခင်းပြတ်ဈေးရရှိရန် မျှော်လင့် ပါတယ်” ဟု တောင်သူ ဒေါ်သန်း ဌေး၏ ပြောပြချက်အရ သိရ သည်။
တပ်ကုန်းမြို့နယ်တွင် ဆောင်း သီးနှံအဖြစ် ပန်းမုန်လာပွင့်၊ ဂေါ်ဖီ ထုပ်၊ မုန်လာဥ၊ ခရမ်း၊ အာလူး၊ ကြက်သွန်၊ ပြောင်းဖူး၊ မတ်ပဲ၊ ကုလားပဲနှင့် ပန်းအမျိုးမျိုးတို့ကို မိုးရေမြေအစိုဓာတ်များ၊ မြေ အောက်ရေများ အသုံးပြုစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
တင်စိုးလွင်