
တပ်ကုန်း မေ ၇
တပ်ကုန်းမြို့နယ် သကြားဟင်းအိုး ကျေးရွာတွင် မိုးနှောင်း ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုး ရေး နည်းပညာပေးသင်တန်းကို မေ ၆ ရက် က အဆိုပါ ကျေးရွာ၌ ကျင်းပ သည်။
အဆိုပါ နည်းပညာပေးသင်တန်း ဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးထွန်းညွန့်က မိုးနှောင်း ချည်မျှင်ရှည်ဝါ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးရေး အတွက် နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
နည်းပညာပေး သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး များနှင့် ကွင်းတာဝန်ခံများက မေ ၇ ရက်အထိ ပို့ချသွားမည်ဖြစ်ပြီး တောင်သူ ၅၀ ကျော်နှင့် ဝန်ထမ်း ငါးဦး တက်ရောက်ကြောင်း သိရ သည်။
မောင်ကျော်ကြီး