
တပ်ကုန်း ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ နေပြည် တော် တပ်ကုန်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ် ၍ Grade- 5(သင်ရိုးသစ်) Online သင်တန်းကို ယမန်နေ့က စတင်၍ ဗိုလ်မင်းရောင် အခြေခံ ပညာ အထက်တန်းကျောင်း(ခွဲ) စာသင်ဆောင်တွင် ဖွင့်လှစ် သင်ကြားကြောင်း သိရသည်။
အဆိုပါ ဗဟိုအဆင့် Grade- 5 သင်ရိုးသစ်နည်းပြ Online သင်တန်းသို့ တပ်ကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း များမှ သက်ဆိုင်ရာ ဘာသာရပ် နည်းပြ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ တက်ရောက် ခဲ့ပြီး ဗဟိုအဆင့်မှ သင်တန်း နည်းပြ ဆရာကြီး ဆရာမကြီးများ က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယပညာ ဘာသာရပ် ခြောက်မျိုးကို ခြောက်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)