တွံတေးမြို့နယ်သို့ Yangon Water Bus ဘုရားဖူးခရီးစဉ်ရောက်ရှိ

 

တွံတေး  အောက်တိုဘာ  ၂၂


ရန်ကုန်တိုင်းဒေသကြီး   တွံတေး မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော် မူသော   ရွှေဆံတော်စေတီတော် မြတ်ကြီး၊ နှစ်ပေါင်း ၁၀၀ ကျော်  သက်တမ်းရှိ   တွံတေးတူးမြောင်း၊   အသားလွတ်နယ်မြေ  ဖြစ်သော   ဗောင်းတော်ချုပ်စေတီ၊  လက်မှု ပညာ   အိုးလုပ်ငန်းနှင့်   ရက်ကန်း လုပ်ငန်းများ၊   အထင်ကရနေရာ များသို့   လေ့လာနိုင်ရန်အတွက်  နှစ် နှစ်ကျော်  ရပ်နားထားသော Yangon Water Bus တွံတေးခရီး စဉ်ကို  အောက်တိုဘာ  ၂၂   ရက် က   တွံတေးဆိပ်ခံဗောတံတားသို့  ဆိုက်ကပ်ခဲ့ကြောင်း  သိရသည်။

 


တွံတေးခရီးစဉ်ကို  ရန်ကုန် လမ်းသစ်ဆိပ်ကမ်းမှ      နံနက်  ၇   နာရီက   စတင်ထွတ်ခွာခြင်း ဖြစ်ပြီး  ခရီးစဉ်တွင်  တူးမြောင်း နံဘေး စိမ်းစိုနေသောလယ်ကွင်း ပြင်များအား     ကြည့်ရှုခံစားကာ တွံတေးတူးမြောင်း  ဖြတ်ထိုးထား သော   တွံတေးကြိုးတံတားကို ကြည့်ရင်း   တစ်နာရီခန့်အကြာ တွင် တွံတေးမြို့သို့ ဆိုက်ရောက် ခြင်းဖြစ်ကြောင်း သိရသည်။

 

 
တွံတေးဆိပ်ကမ်းမှ တစ်ဆင့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော် စေတီ၊ အသားလွတ်နယ်မြေဖြစ် သော    ဗောင်းတော်ချုပ်စေတီ၊ မြွေဘုရား၊  ကျိုက်ဖူး၊  ကျိုက်ပါ စေတီ၊     မြန်မာ့လက်မှုပညာ လုပ်ငန်းဖြစ်သော  အိုးလုပ်ငန်းနှင့် ရှမ်းလေးရွာ၏   ရိုးရာရက်ကန်း များ၊  အထင်ကရနေရာများအား လည်ပတ်သည့် နေ့ချင်းပြန်ခရီး ဖြစ်ကြောင်း သိရသည်။

 


Yangon Water Bus   ကို အောက်တိုဘာ ၆ ရက်မှစတင်ကာ ပြန်လည်၍  ရန်ကုန်မြစ်အတွင်း ပြေးဆွဲခြင်းဖြစ်ကြောင်း    သိရ သည်။  တွံတေးခရီးစဉ်တွင်   လူ တစ်ဦးလျှင် ငွေကျပ်၁၈၀၀၀ ကျပ် ဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊    တနင်္ဂနွေနေ့များတွင် ဒေသန္တာရ  ဗဟုသုတရရှိစေရေးနေ့ချင်းပြန်ခရီးပြေးဆွဲခြင်း  ဖြစ် ကြောင်း သိရသည်။

တွံတေးသား