တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

 

နေပြည်တော်    မေ    ၁၈
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ လျှောက်ထားလျက်ရှိကြရာ   ယနေ့အထိ   ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက်   နိုင်ငံရေးပါတီ   ၅ ပါတီကို   တည်ထောင်ခွင့်ပြုပြီး  ဖြစ်သည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး   နိုင်ငံရေးပါတီ   ၅ ပါတီအနက် ရှမ်းနှင့်တိုင်းရင်းသားများ  ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) နှင့် ဒီမိုကရက်တစ်ပါတီတို့က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေး ပါရန် လျှောက်ထားလာခြင်းဖြစ်ပြီး အဆိုပါ ပါတီများကို မှတ်ပုံတင်ခွင့် ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                      သတင်းစဉ်