
ထားဝယ် အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ထားဝယ် မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်း ဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ခရီးသွား ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တု သယံဇာတစသည့် လုပ်ငန်း တာဝန်များစွာရှိကြောင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်လိုသူများကို တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများကိုအမြန်ဆုံး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း လုပ်ငန်းများကိုအမြန်ပြီးပြတ်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွက်လည်း ရင်းနှီး မြှုပ်နှံမှုများကို ယခုထက်ပိုပြီး တိုးတက် များပြားလာအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်း ရေးမှူး ဦးသန်းဇော်ဦးက ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး ကုမ္ပဏီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန် ရှိသူများက Pongpipat Deve-lopment Co:Ltd မှ Bot စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ် ဝန်ဆောင်မှုနှင့် အပန်းဖြေစခန်း လုပ်ငန်းအတွက် ကနဦး မြေ ရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် ပတ် သက်၍ လည်းကောင်း၊ V&K Pineapple Canning Co: Ltd မှ ထားဝယ်ခရိုင် ထီးခီးဒေသနှင့် မြိတ်ခရိုင် မောတောင်ဒေသ တို့တွင် နာနတ်သီးစိုက်ပျိုးရေး လုပ်ငန်းနှင့်ပတ်သက်၍ လည်း ကောင်း ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)