
ထားဝယ် ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီးအတွင်း အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ် မြို့ရှိ ထားဝယ်မူလတန်းကြိုကျောင်းခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးယဉ်ထွေးက အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးလုပ်ငန်း ဆပ်ကော်မတီအနေ ဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ အရေး အတွက် လုပ်ငန်းရှင်များအား သိသင့်သိထိုက် သည်များ အသိပညာပေးရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ် ကြောင်း၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေ မှုများ ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်း ခံနေရသော ကလေးအလုပ်သမားများကို စိစစ် ဖော်ထုတ်၍ ဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်း များဖြင့်ဖယ်ရှားကုစားရန်နှင့် ကလေးအလုပ် သမားများအား အခမဲ့ကျောင်းပညာရေးနှင့် သက်မွေးပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်၍ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိသည်အထိ ချိတ်ဆက် ဆောင်ရွက်သွားရန် စသည်တို့တွင် လုပ်ငန်း ရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များ အကြောင်း၊ ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများ စသည်တို့ကို တက်ရောက် လာသော ရေလုပ်ငန်းရှင်များနှင့်စားသောက် ဆိုင်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)