တနင်္သာရီတိုင်းဒေသကြီးအစိုးရက လှူဒါန်းသော အောက်ဆီဂျင်စက် မြိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိ တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံး ၁၈၀ မှ ၂၀၀ ခန့် ထွက်ရှိမည်

 

မြိတ်   ဩဂုတ်   ၂၆


တနင်္သာရီတိုင်းဒေသကြီး  အစိုးရ အဖွဲ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူများ     အသုံးပြုရန်အတွက်      လှူဒါန်းထားသည့် အောက်ဆီဂျင် စက်သည်   ဩဂုတ်  ၂၅   ရက်က   မြိတ်မြို့             ပြည်သူ့ဆေးရုံသို့    ရောက်ရှိသည်။ 


အောက်ဆီဂျင်စက် တပ်ဆင် ရန်  သယ်ယူနေမှုကို   ကမ်းရိုးတန်း ဒေသ  တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊        မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက် ကြသည်။


အဆိုပါ  အောက်ဆီဂျင်စက် သည်   တစ်နာရီလျှင် လီတာ ၄၀ အိုး  ၁၀  လုံး      ထွက်ရှိကြောင်း၊ အောက်ဆီဂျင်စက်ကို  ပြည်သူ့ ဆေးရုံရှိ   အောက်ဆီဂျင်စက်ရုံ အတွင်း စတင်လည်ပတ် အသုံးပြု နိုင်ရေးအတွက်     မီးလိုင်းများ တပ်ဆင်ခြင်း၊ အောက်ဆီဂျင်စက် ပစ္စည်းများ တပ်ဆင်ခြင်းကို ပညာ ရှင်များက   သွယ်တန်းတပ်ဆင် ခြင်း    စတင်ဆောင်ရွက်လျက် ရှိသည်။


ထို့အတူ မြိတ်မြို့ရှိ စေတနာ ရှင် အလှူရှင်များက လှူဒါန်းသည့် အောက်ဆီဂျင်စက်သည် မကြာမီ ရက်ပိုင်းအတွင်း   ထပ်မံရောက်ရှိ လာမည်ဖြစ်၍ အဆိုပါ စက်တပ် ဆင်မည့်  ကလွင်ကျေးရွာ  ဘုတ် ချောင်းရှိ    အောက်ဆီဂျင်စက်ရုံ တွင်   တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ 


တိုင်းဒေသကြီး အစိုးရအဖွဲ့က  လှူဒါန်းသည့် အောက်ဆီဂျင်စက် သည် တစ်နေ့လျှင် လီတာ  ၄၀ အောက်ဆီဂျင်အိုး အလုံး  ၁၈၀ မှ ၂၀၀ ခန့်    ထွက်ရှိမည်ဖြစ်ပြီး  အလှူရှင်များ  လှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည်   အောက် ဆီဂျင်အိုး အလုံး  ၁၀၀ မှ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း  သိရ သည်။


ခိုင်ထူး  
(ပြန်/ဆက်)