
ထားဝယ် မတ် ၁၂
၂၀၂၄ ခုနှစ်၊ သာသာနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က နှစ်စဉ်နှစ်တိုင်းကျင်းပလျက် ရှိသော သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ဆောင် ရွက်ရမည့်လုပ်ငန်းများကို အကြုံ ပြု ဆွေးနွေးပေးကြရန် လိုအပ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဘွဲ့တံဆိပ်တော်အချို့ ကို နေပြည်တော်တွင် ဆက်ကပ် မည်ဖြစ်ပြီး ကျန်ဘွဲ့တံဆိပ်တော် များကို တိုင်းဒေသကြီးများတွင် တစ်ပြိုင်တည်း ဆက်ကပ်မည်ဖြစ် ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ထားဝယ်နှင့် မြိတ်မြို့ များတွင် ဆက်ကပ်မည်ဖြစ် ကြောင်း၊ ယခုနှစ်တွင် ထူးခြားမှု အနေဖြင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး နေပြည်တော်သို့ ကြွရောက် မချီးမြှင့်နိုင်သောကြောင့် ဆရာ တော်ဘုရားကြီး၏ ဂုဏ်သိက္ခာ နှင့် လျော်ညီအောင် သန့်ရှင်း သပ်ရပ်မှုနှင့် စည်ကားစွာ ဆောင် ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တပေါင်းလပြည့်နေ့တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် တစ်ပြိုင် တည်း ဆောင်ရွက်မည်ဖြစ်သော ကြောင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန်လိုကြောင်း ပြော ကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ် ကြားရေး၊ ပြန်ကြားရေး၊ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းတင် ရေး၊ သံဃာတော်များ ပင့်လျှောက် ရေးနှင့် ဧည့်သည်တော်များကြိုဆို ပင့်ဆောင်ရေး၊ နေရာချထားရေး နှင့် သယ်ယူပို့ဆောင်ရေး၊ လှူဖွယ် ပစ္စည်းများ ဆက်ကပ်ရေး၊ ဆွမ်းဆန်စိမ်း လောင်းလှူရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြချက်များအပေါ် တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)