
နေပြည်တော် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် ဒေသခံရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများ က လူမှုကွန်ရက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ မြေပြင်သတင်းအရင်း အမြစ်များနှင့် သက်ဆိုင်ရာနယ်မြေ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တောင်ပုကျေးရွာသို့ သွားရောက် ခဲ့ခြင်းမရှိဘဲနှင့် လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်းနှင့် ယင်းရက် တွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက မြိတ်မြို့ မဇောကျေးရွာအုပ်စု လက်မဲ ကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ PDF အမည်ခံအကြမ်း ဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်