တနင်္သာရီမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၂၈ ကျောင်း၌ ရေသန့်စက်များ တပ်ဆင်ပေးမည်

 

တနင်္သာရီ  ဇန်နဝါရီ ၁၁


ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် အတွင်းမှ အခြေခံပညာကျောင်း ၁၂၈ ကျောင်း အတွက် ခွင့်ပြုချထားပေးသော  ရေသန့်စက် ၁၂၈ စုံသည် ဇန်နဝါရီ ၉ ရက်တွင် တနင်္သာရီမြို့နယ်ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။
အခြေခံပညာကျောင်းများမှာ မြစ်ရေကို အသုံးပြုနေရခြင်း၊   စိမ့်စမ်းများမှတစ်ဆင့် ရေသွယ်တန်း၍ အသုံးပြုနေရခြင်းနှင့် တွင်းရေ များမှအသုံးပြုနေရသဖြင့်   ကျန်းမာရေးနှင့် မညီညွတ်သည့်အပြင် ပညာရေးဝန်ကြီးဌာန၏ သန့်(၅) သန့်ညွှန်ကြားချက်နှင့်အညီဖြစ်စေရေးအတွက်    တနင်္သာရီမြို့နယ်အတွင်းမှ လျှပ်စစ်မီးရရှိနေသည့် အထက်တန်းကျောင်း ငါးကျောင်းအတွက် ဆိုလာစနစ်မပါသည့် ရေသန့်စက် ငါးစုံနှင့် လျှပ်စစ်မီးမရသေးသော အခြေခံပညာကျောင်းပေါင်း ၁၂၃ ကျောင်း အတွက် ဆိုလာစနစ်ပါရှိသည့် ရေသန့်စက် ၁၂၃ စုံ တပ်ဆင်ပေးမည်ဖြစ်သည်။  အခြေခံ ပညာကျောင်းများတွင် တပ်ဆင်မည့် ၁၂၈ စုံ ကို  တင်ဒါအောင်မြင်ထားသည့်  ကုမ္ပဏီမှ ဝန်ထမ်းများက မြို့နယ်ပညာရေးမှူးရုံးသို့ လာရောက်ပို့ဆောင်အပ်နှံပေးပြီး လက်ရှိတွင် သက်ဆိုင်ရာကျောင်း ၃၃ ကျောင်းတွင်   ၎င်း ရေသန့်စက်များကို အပြီးသတ်တပ်ဆင်ပေး ပြီးဖြစ်ကြောင်းနှင့်   တပ်ဆင်ရန်    ကျန်ရှိ နေသေးသည့်   ကျောင်းများတွင် ဆက်လက် တပ်ဆင်ပေးနိုင်ရေး     ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် တစ်စုံလျှင် ကျပ် ၄၂ တန်ဖိုးရှိ ဆိုလာ စနစ်ပါရေသန့်စက်ငါးစုံ၊ ဆိုလာစနစ်  မပါရှိ သည့် ရေသန့်ကန်တစ်လုံးနှင့် အခြားဆက်စပ် ပစ္စည်း ၁၀ မျိုးပါ ရေသန့်စက်တစ်စုံလျှင်  ကျပ် ၃၁ သိန်း  တန်ဖိုးရှိ  ရေသန့်စက် ၁၂၃ စုံကို တပ်ဆင်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း