
တနင်္သာရီ မေ ၂၅
တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို မေ ၂၅ ရက် နံနက်က မြို့နယ်ပညာရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တနင်္သာရီ မြို့နယ် အမှတ် (၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော် နှင့် ဌာနဆိုင်ရာ ဦးစီးမှူး များ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ဆရာ ဆရာမကြီး များ၊ ကျောင်းသား မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ကျောင်းသား ကျောင်းသူများ အား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ကျောင်း ဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ ပေးအပ်ပြီး တာဝန်ရှိသူများက တနင်္သာရီမြို့ပေါ် ရပ်ကွက်များရှိ (အထက-တနင်္သာရီ)၊ (အမက-ချောင်းငယ်) နှင့် (အမက-တပ်ဦး) ကျောင်းများတွင် ကျောင်းအပ် လက်ခံနေမှုများအား ကြည့်ရှုခဲ့ ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း