တနင်္သာရီမြို့မြစ်အတွင်း၌ ရေဘေးကာကွယ်ရေး သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်

 

တနင်္သာရီ    ဇူလိုင်   ၂၉


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ရုံးနှင့် တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊  မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ အထက(တနင်္သာရီ)ကျောင်း မှ  ကျောင်းသား  ကျောင်းသူများ၊   ဒေသခံ ပြည်သူများပူးပေါင်း၍ တနင်္သာရီမြစ်အတွင်း၌ ရေဘေးသဏ္ဌာန်တူ    သရုပ်ပြလေ့ကျင့်မှုကို ဇူလိုင် ၂၆ ရက်က ဆောင်ရွက်သည်။

 


လေ့ကျင့်ရာတွင် ရေပြင်အသက်ကယ် ရှာဖွေခြင်း၊    ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့   စနစ်တကျ   ရွှေ့ပြောင်းကူညီ ပေးခြင်း၊     လိုအပ်သည့်      ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ ရှေးဦးပြုစုခြင်း တို့ကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ 

 


မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေး နွေးစိုးက တနင်္သာရီမြို့နယ်အတွင်း  ရေကြီး၊    ရေလျှံမှုများ   ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး  ဖြစ်စေရန်၊ အမှန်တကယ်  ဘေး အန္တရာယ်ကြုံတွေ့ရချိန်တွင်  လိုက်နာဆောင် ရွက်ရမည့်အချက်များကို သိရှိဆောင်ရွက်နိုင် ရန်၊    ရင်ဆိုင်ရနိုင်သည့်  ဘေးအန္တရာယ်များ အလိုက်   တုံ့ပြန်ဆောင်ရွက်ရမှုများကို  သိရှိစေ ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 


မြင့်ဦး(မြိတ်)