တင့်တယ်ခမ်းနား ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ အေးချမ်းပါစေ ဗုဒ္ဓမြေ

Type
5

 

ဒေါက်တာမြတ်မိုး

ကျွန်ုပ်တို့အားလုံးသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကိုးကွယ်သည့်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များပီပီ မိမိဘာသာသာသနာ ပြန့်ပွားတိုးတက်ရေးအတွက် တာဝန်ရှိသူများဖြစ်သည်ဟု ခံယူထားသူများ ဖြစ်သည်။ နိုင်ငံစည်ပင်ဝပြောရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နေသူများလည်းဖြစ်ပြန်သည်။ အရာရာကို ဘာသာသာသနာကို အခြေခံ၍ စဉ်းစားသည်၊ တွေးသည်၊ ပြောသည်၊ လုပ်ကြကိုင်ကြသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာသည် တစ်ဦးချင်း ငြိမ်းချမ်းရေးမှသည် အများငြိမ်းချမ်းရေး၊ လောကတစ်ခွင် သာယာဝပြောရေးကို ရှေးရှု၍ဖြစ်သည်။ ဤမျှရိုးရှင်းသော အချက်ကို အခြေခံ၍ မြန်မာပြည်တစ်ခွင် အပူမှ အအေး၊ အမှောင်မှအလင်းဆောင်နေသည့် ဂုဏ်ယူဖွယ်ရာတစ်ခုအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းကို သဒ္ဓါတရားဖြင့် တင်ပြလိုပါသည်။ 
ဗုဒ္ဓဓမ္မနှင့် ငြိမ်းချမ်းသာယာဝပြောရေးကို အတူ ယှဉ်တွဲ၍    ကုသိုလ်စိတ်များပွားနိုင်ရေးအတွက် ရည်ရွယ်ပါသည်။
မာရဝိဇယ      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ    နေပြည်တော်    ဒက္ခိဏသီရိ မြို့နယ်အတွင်း    တည်ထားကိုးကွယ်လျက်ရှိပြီး ကမ္ဘာပေါ်ရှိ   ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်   ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟု သိရှိရပါသည်။ 
မွန်မြတ်မှန်ကန်သော ရည်ရွယ်ချက်များမှသည် ခိုင်မာသောယုံကြည်မှုများသို့
ဘုရားရှင်အား ကိုယ်စားပြုသည့်   ဥဒ္ဒိဿစေတီ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး      တည်ထား ကိုးကွယ်ရခြင်းသည်ပင်            ထေရဝါဒဗုဒ္ဓဘာသာ အခြေခံခိုင်မာမှုရှိပြီးဖြစ်သော မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ၊    သာသနာနှင့်   ကမ္ဘာကြီးအတွက် ဦးတည်ထားခြင်းဖြစ်သည်။  မွန်မြတ်သန့်ရှင်းသော ရည်ရွယ်ချက် လေးရပ်ဖြင့် ဆက်လက်ခိုင်မာတည်တံ့ အောင် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို    ပြသရန်သည် အဓိကဖြစ်သည်။  ထို့အတူ  ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်လည်း  ရည်ရွယ် ပါသည်၊၊ ဘာသာသာသနာ၏ ထွန်းလင်းတောက်ပမှု ဖြင့်   အမိနိုင်ငံတော်ကြီး   သာယာဝပြောစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရန်အထိ ဦးတည်ထား ပါသည်။  ထိုရည်ရွယ်ချက်များနှင့်အညီ  ကျွန်ုပ်တို့၏ ထေရဝါဒဗုဒ္ဓဘာသာသည်   ကိုးကွယ်မှုဗဟိုချက် အဖြစ် ဆက်လက်ထွန်းလင်းတောက်ပပြီး ဘာသာ သာသနာ ဆက်လက်အဓွန့်ရှည်တည်တံ့ ပြန့်ပွားနေ မည်ဟု ယုံကြည်ပါသည်။ 
ဘာသာသာသနာနှင့်  ယခုကဲ့သို့ စေတီတော်ကြီး တည်ထားကိုးကွယ်ခြင်း၏  အကျိုးကျေးဇူးကြောင့် နိုင်ငံတော်ကြီးလည်း   သာယာဝပြောလာမည်၊၊ မေတ္တာ၊ ကရုဏာ၊   မုဒိတာ၊   ဥပေက္ခာ ဗြဟ္မဝိဟာရ တရားလေးပါးအောက်တွင် နိုင်ငံလည်းငြိမ်းချမ်းလာ မည်၊၊ ဗုဒ္ဓ၏ အရိပ်အာဝါသအောက်တွင် ငြိမ်းချမ်းမှု နှင့်အတူ ပြည်သူပြည်သားအားလုံးလည်း အေးအေး ချမ်းချမ်းဖြင့်  မိမိတို့၏  စားဝတ်နေရေးကိစ္စအဝဝ ပြေလည်လာမည်၊ စီးပွားလာဘ်လာဘများလည်း တိုးတက်လာမည်၊  အေးအေးချမ်းချမ်း   ပျော်ပျော် ရွှင်ရွှင်ရှိကြမည်ဟု မျှော်လင့်မိပါသည်၊၊ 
ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်ထားသော
လူနတ်      ဗြဟ္မာသတ္တဝါအားလုံးအကျိုးငှာ  ကိုးကွယ်ရာ ဤရုပ်ပွားတော်ကြီး   ထုဆစ်တည်ထား စီမံကိန်းကြီးကား ကမ္ဘာ့သမိုင်းဝင် တည်ထားမှုတစ်ခု အဖြစ်    စံပြုထိုက်သည်ဟု   ဆိုနိုင်ပါသည်။    ဤသို့ သမိုင်းဝင်မှု   အချက်အလက်အသေးစိတ်များကို နိုင်ငံတော်အကြီးအကဲ  ကိုယ်တိုင်ပင် ၂၉-၆-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက  သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ် များ၊  ပြည်တွင်းဘဏ်များနှင့်   ကုမ္ပဏီကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊    မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု  လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန် ရှိ   ပုဂ္ဂိုလ်များ၊     ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိ ပုဂ္ဂိုလ် များ ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ် များကို   ဖိတ်ကြားရှင်းလင်းပြသခဲ့သည်ကိုလည်း သတိထားမိသည်။ 
တန်ချိန်အလေးဆုံးထုထည်ကြီးကို  အဝေးဆုံး သယ်ဆောင် ရွှေ့ပြောင်းနိုင်မှုအဖြစ် မှတ်တမ်းဝင် ခဲ့ပြီဖြစ်သည်။ ငလျင်ဒဏ်ရစ်ခ်ျတာစကေး  ၈ ဒသမ ၈ ၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ၊ မိုးကြိုးမုန်တိုင်း အဆင့်  ငါးအထိ စသည့်သဘာဝဘေးဒဏ်ကြီးများ ကို ခံနိုင်ရည်ရှိအောင်   တွက်ချက်တည်ဆောက်ထား သည်ဟု ဆိုသည်။ ယခုလက်ရှိကျောက်ဆစ်ရုပ်ပွား တော်များအနက်  ကမ္ဘာတွင်အကြီးဆုံးသော ရုပ်ပွား တော်ကြီးလည်း ဖြစ်သည်။ 
အထူးကန့်သတ်     ကုန်စည်တစ်မျိုးဖြစ်သော 5 axis နည်းပညာသုံး CNC စက်ဖြင့် ထုဆစ်ပူဇော် ထားခြင်းဖြစ်သည်။ ကွန်ပျူတာညွှန်ကြားချက်ဖြင့် ဝင်ရိုး ငါးခုကို   တစ်ပြိုင်နက်   ရွေ့လျားနိုင်စေပြီး ရှုပ်ထွေးသော     စက်ပစ္စည်းအစိတ်အပိုင်းများကို ဖြတ်တောက်လုပ်ဆောင်နိုင်သည့် စက်မျိုးဖြစ်သည်၊၊ သတ်မှတ်ကာလအချိန်အတွင်း      ပြီးစီးစေရန်  အရွယ်အစား ကြီးမားလွန်းသော ဆင်းတုတော်ကြီး အတွက်   တိကျသေချာစွာ   ထုဆစ်နိုင်စွမ်းရှိမည့် Heavy Mega CNC စက်ကြီးဖြစ်သည်၊၊ ဤစက်ကြီး ကြောင့် ဆင်းတုတော်ရှိ   မြန်မာမှုအနုသုခုမလက်ရာ များ လှပသေသပ်ခံ့ညားလာမည်ဖြစ်သည်။ 
မာရဝိဇယရုပ်ပွားတော်ကြီးမတိုင်မီ နောင်တော် ရုပ်ပွားတော်တစ်ဆူကိုလည်း   ဦးစွာထုဆစ်ရသေး သည်။ ထုဆစ်ရာတွင် အဆင့်မြင့်နည်းပညာများဖြင့် ပုံဖော်တွက်ချက်၍     အဆင့်မြင့်နည်းပညာစက် ကိရိယာများကို သုံးခဲ့ရပါသည်။  တွက်ချက်မှုမှားယွင်း ပါက စကျင်ကျောက်တုံးကြီး  ကွဲအက်ပျက်စီးသွားနိုင် သည်ဟု ဆိုပါသည်။   သဘာဝဘေးဒဏ်ခံနိုင်အောင် အတွက်လည်း မြန်မာမှုတည်ဆောက်ရေးပညာများ နှင့်တွဲစပ်၍ ခေတ်ပေါ်နည်းပညာများ ပါဝင်သည်ဟု သိရသည်။ တစ်နည်းအားဖြင့် မြန်မာတို့၏ ခေတ်မီ နည်းပညာများဖြင့်   တည်ဆောက်ရေးပညာများ နှင့်အတူ   ထိုနည်းပညာများကို   မြန်မာမှုလက်ရာ များဖြင့်    ပေါင်းစပ်၍    ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နေပုံကို လေ့လာမိပါသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား  
တည်ထားကိုးကွယ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်
မာရဝိဇယရုပ်ပွားတော်ကြီး တည်ဆောက်ရေး ကာလသည် ယခုအချိန်ထိဆိုလျှင်  ၁၁၁၈ ရက်ရှိ ခဲ့ပါပြီ။ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ဖြစ်ခဲ့ပုံမှာမူ ဤသို့ဖြစ်ပါသည်။  ၂၀၁၇ ခုနှစ်နှောင်းပိုင်း တွင်  ယခင်နိုင်ငံတော်အကြီးအကဲ      ဗိုလ်ချုပ်မှူးကြီး သန်းရွှေက   မာရဝိဇယဘုရားကြီး    တည်ထား ကိုးကွယ်နိုင်ရေး     စကျင်ကျောက်တော်ကြီးကို တပ်မတော်သို့ လွှဲအပ်လှူဒါန်းခဲ့ရာမှ စတင်ခဲ့သည်။ ထို့နောက် ၎င်းစကျင်ကျောက်တော်ကြီး တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်  အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ    ၂၀၁၉   ခုနှစ်    မတ်လတွင် အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထုပေ ၂၀ ရှိ A အဆင့်ရှိသော အကြမ်းထည်ကျောက်တော်ကြီးကို ပုံဖော်နိုင်ခဲ့ကြသည်။ 
ဆင်းတုတော်ကြီးကို ခေတ်အလိုက် တည်ထား ကိုးကွယ်ခဲ့သည့် ရုပ်ပွားတော်များအနက် အကောင်း ဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် တည်ထားရန် ရွေးချယ်ခဲ့ကြသည်။ ယင်းမှာ ကိုလိုနီ ကာလအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီး သွားခဲ့ပြီးနောက် နောက်ဆုံးကျန်ရှိခဲ့သည့် ရတနာပုံ ခေတ်ဟန်ကိုယူရန် ဆုံးဖြတ်ခဲ့ကြပုံရသည်။ ဘုရားကြီး  ထုဆစ်ပူဇော်ရန်  စဉ်းစားရာတွင်လည်း ဉာဏ်တော် ကို    အဓိကထား၍   ထုံးတမ်းစဉ်လာများနှင့်အညီ တည်ထားနိုင်ရေး လိုအပ်သည့်ပစ္စည်းများကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြသည်။


လိုအပ်သည့်       စကျင်ကျောက်များကိုလည်း အခက်အခဲများစွာကြားမှ ကုန်းတစ်တန်၊ ရေတစ် တန်ဖြင့် သယ်ယူခဲ့ကြရသည်။   ကျောက်တုံးတော်ကြီး များကို  စတင်ပင့်ဆောင်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်  ဇူလိုင် ၃ ရက်က စတင်ခဲ့ပြီး ကျောက်တုံး ကြီးများ      ထိခိုက်မှုမရှိစေရေး     စနစ်တကျဖြင့် ကိုးကြိမ်တိုင်ပင့်ဆောင်ခဲ့ရပါသည်။ တန်ချိန်အားဖြင့် ၈၁၅၈ တန်ရှိသော စကျင်ကျောက်တုံးကြီးများကို ရေလမ်းခရီးဖြင့် သယ်ဆောင်ခြင်းမှာ ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့ပြီး   စက်တင်ဘာ  ၁၈   ရက်တွင် ကျောက်တုံးတော်အားလုံး မြင်းခြံ၊ ဆီမီးခုံဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပါသည်။
ကုန်းလမ်းမှတစ်ဆင့် သယ်ယူခြင်းကိုမူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ  ၂၅ ရက်တွင် စတင်ခဲ့ကာ တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြားသယ်နိုင်သည့် ကားများဖြင့် နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရသည်။ ဆင်းတုတော် ကြီး တည်ထားရေးအတွက် အလေးချိန် အများဆုံး စကျင်ကျောက်အား အဝေးဆုံးသောရေလမ်းခရီး၊ အဝေးဆုံးသော ကုန်းလမ်းခရီးများဖြင့် သယ်ဆောင် ခဲ့ခြင်း လုပ်ငန်းစဉ်မှာပင် အံ့မခန်းဖွယ် ဂုဏ်ယူစရာ ပင်ဖြစ်နေပါသည်။ 
ဘုရားကြီးတည်ထားကိုးကွယ်ရေး ဆောင်ရွက် ရာတွင်    နိုင်ငံ့ဂုဏ်ဆောင်၍   ခမ်းခမ်းနားနား ထင်ထင်ပေါ်ပေါ်ရှိစေရေး        တည်ဆောက်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို စနစ် တကျပုံဖော်ခဲ့ကြသည်။ မြေနေရာကို စနစ်တကျဖြင့် အကွက်ချ  တွက်ချက်ဆောင်ရွက်ခဲ့ပြီး  နိုင်ငံတော် သံဃမဟာနာယက   ဆရာတော်ကြီးများထံမှလည်း ဩဝါဒခံယူ၍ တလေးတစား   ဆောင်ရွက်ခဲ့ပါသည်။ ဘာသာရေး       ကြန်အင်လက္ခဏာရပ်များနှင့်အညီ ဘုရား၊  ကျောင်း၊  ကန်၊  ဇရပ်များကို   ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်း   ပိဋကတ်သုံးပုံအား   ပါဠိအက္ခရာ၊ Romanize   Language  ဖြင့်   ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်။ 
ထို့ပြင်  ၎င်းပိဋကတ်သုံးပုံအား Application ဖြင့်ထည့်သွင်း၍ Tablet များတွင်  ဖတ်ရှုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ၎င်းပိဋကတ်ကျမ်းစာ များကို   ကမ္ဘာပေါ်ရှိ   ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားရန်လည်း စီမံထားပါသည်။       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့တော်အမည်ကိုလည်း   ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ “မာရဝိဇယ” ဟူသည့် ဘွဲ့အမည် ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒါ့အပြင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော် မြတ် ကပ်လှူပူဇော်ခြင်း၊ လက်မှုအချောသပ်လုပ်ငန်း နှင့်  ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်း   ဆောင်ရွက် ရာတွင်    ဆရာတော်ကြီးများ၏   ဩဝါဒနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ပုံဖော်ထုဆစ်ခြင်း
ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း နှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကို အစီအစဉ်များ အဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့သည်။ ဥယျာဉ်အတွင်း  ချောင်းတူးဖော်ဖောက်လုပ်ခဲ့သလို မန္တလေးရတနာပုံခေတ်  မင်္ဂလာတံတားပုံစံ တံတား တစ်စင်းကိုပါ ထည့်သွင်းကာ မျက်စိပသာဒဖြစ်ဖွယ် တည်ဆောက်ထားသည်။   ရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန်ချိန် ၂၀၀၀၀ ခံနိုင် ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန် ဘိုးပိုင် များရိုက်၍   ဆောင်ရွက်ခဲ့ရပြီး ပလ္လင်တော်အစိတ် အပိုင်းများ      ပင့်ဆောင်နေရာချထားခြင်းနှင့် တွဲဆက်ခြင်းများကိုလည်း စနစ်တကျဆောင်ရွက် ခဲ့ပါသည်။ ပလ္လင်တော်အစိတ်အပိုင်းများကို ထုဆစ် ရာတွင် CNC စက်ကြီးများဖြင့် လှလှပပ   ထုဆစ်ခဲ့ ကြပါသည်။       အလားတူပင်     သုဓမ္မာဇရပ်များ တည်ဆောက်ရာတွင် ကျွန်းတိုင်များဖြင့် မြန်မာမှု၊ မြန်မာ့ဟန်အတိုင်း ရှေးမူမပျက် ဆောက်လုပ်ကာ ဘုရားဖူးပြည်သူများ     အနားယူအပန်းဖြေနိုင်ရန် ရည်ရွယ်သည်။ 
ပရိဝုဏ်အတွင်း  ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူမည်ဟု ရည်မှန်းထားကာ   မန္တလေးမြို့  မဟာလောကမာရဇိန်    ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင်   ပိဋကတ်ကျောက်စာရုံများအား စံနမူနာထား၍ ကျောက်စာရုံစေတီများ တည်ထား ကိုးကွယ်နိုင်ရေး     ဆောင်ရွက်ခဲ့ပါသည်။    သမိုင်း မော်ကွန်းကျောက်စာထားရှိမည့်    အလယ်ဗဟို ကျောက်စာရုံစေတီသည် ၂၁ ပေ x ၂၁ ပေ x ၂၇ ပေ ရှိမည်ဖြစ်ပြီး အခြားကျောက်စာရုံစေတီများ အနေ ဖြင့် ၁၂ ပေ x ၁၂ ပေ x ၁၈ ပေ နှင့်   ကျောက်စာချပ် အနေဖြင့်  ၄၅ လက်မ x  ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ပါသည်။ 
ရတနာပလ္လင်တော်ထက်၌  ဌာပနာထည့်သွင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နှင့်  ဖေဖော်ဝါရီ  ၁၀ ရက်တို့တွင် နှစ်ကြိမ်တိုင် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စေတနာ ရှင်၊ အလှူရှင်တို့က  လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက်ရတနာများကို ဌာပနာသွင်းလှူပူဇော် နိုင်ခဲ့ပါသည်။      သာသနာရေးဆိုင်ရာ     အခမ်း အနားကြီးများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် သာသနာ့ဗိမာန်တော်ကြီးကိုလည်း သံဃာတော် အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့သည့်   ၂၉၆ ပေ x  ၂၁၃  ပေ  x   ၉၄ ပေရှိ အဆောက်အဦကြီးကို တည်ဆောက်ထားပါသည်။ ထို့ပြင်            ၎င်းသာသနာ့ဗိမာန်တော်ကြီးသည် သိမ်သမုတ်ထားသည့် အဂ္ဂါဓိပတိဝိသုံဂါမ အမည်ရ သိမ်တော်ကြီးလည်းဖြစ်ပါသည်။ 
ရင်ပြင်တော်ကြီး            တည်ဆောက်ရာတွင် စိမ်းလန်းစိုပြည်စေကာ   မျက်စိပသာဒဖြစ်စေရန် မြက်ခင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထား သည်။  ဘုရားဖူးလာပြည်သူများ   နေပူပြင်းသည့် အချိန်တွင်     ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်ရန်   ဂန္ဓကုဋိ တိုက်များကိုလည်း စကျင်ကျောက်များ အသုံးပြု၍ မန္တလေးမြို့  အတုမရှိကျောင်းတော်၏ ပုံစံအတိုင်း အဆောင်တစ်ခုနှင့်တစ်ခု အနုသုခုမလက်ရာများ လုံးဝမတူညီသည့်   အဆောင်   ၂၄  ဆောင်ကို တည်ဆောက်ထားသည်။  ၎င်းအပြင်   မသန်စွမ်းသူ များနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော် ပေါ်သို့ တက်ရောက်နိုင်ရေးအတွက် စက်လှေကား ကိုလည်း     ထည့်သွင်းတည်ဆောက်ထားသည်။ ဘုရားပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ လှူဒါန်း သည့်  ဗောဓိညောင်ပင်၊   လင်းလွန်းပင်နှင့်   လုမ္ဗိနီ အင်ကြင်းပင်များစသည့်           ဗုဒ္ဓဘာသာဆိုင်ရာ အပင်များကိုလည်း စိုက်ပျိုးထားရှိပြီး ရုပ်ပွားတော် ကြီး၏    ဘယ်/ ညာနှစ်ဖက်တွင်     လင်းလွန်းတော နှင့်   အနောက်ဘက်တွင်   လင်းလွန်းပင်နှင့်   လုမ္ဗိနီ အင်ကြင်းပင်များကို    စနစ်တကျ     စိုက်ပျိုးထား ရှိသည်။
ကောင်းမှုကံကိုဖြစ်စေမည့် ဤဒါန
အလွန်အားရစရာကောင်းသည်မှာ ဤတည်ထား ကိုးကွယ်သော   မာရဝိဇယရုပ်ပွားတော်မြတ်နှင့် ပတ်သက်၍ စီမံကိန်းစသည့်အခါကာလကထက် အများပြည်သူများ စိတ်ဝင်တစား ကြည်ညိုသဒ္ဓါပွားမှု များပြားလာနေခြင်းပင်ဖြစ်သည်။   မြန်မာတို့သည် အလှူဒါနအရာတွင်      ရက်ရောသူများဖြစ်သည်မှာ ဘာသာသာသနာအတွက်           အထူးအားရစရာ ကောင်းလှပါသည်။     နောင်ဘဝ   နောင်သံသရာကို ယုံကြည်သူများဖြစ်သည့် အားလျော်စွာ ဆင်းရဲသူ ကလည်း ဆင်းရဲသည့်အလျောက်၊ ချမ်းသာသူက လည်း  ချမ်းသာသည့်အလျောက် တချို့ကလည်း မိမိတို့မှာ ပိုင်ဆိုင်သမျှ စွန့်လွှတ်လှူဒါန်းကြသည်ကို တွေ့ရသည်။ တစ်ရာ၊ တစ်ထောင်ကျပ်ငွေဂဏန်းမှ သည် ရွှေစင်ကျောက်မျက်ကျောက်မျိုးစုံ ပိဿာချိန် ရာဂဏန်းမျှလည်းကောင်း၊   အလှူငွေအားဖြင့် ၂၉- ၆-၂၀၂၃ ရက်နေ့တစ်ရက်တည်းတွင်  အလှူရှင် ၁၀၁ ဦးက လှူဒါန်းသော  အလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလီယံ   အပါအဝင်   စုစုပေါင်းလှူဒါန်းငွေ ဘီလီယံ ၂၀ နီးပါးရှိခဲ့ပါပြီ။  
များပြားလှသော အကျိုးတရားများနှင့် ထပ်တူရကြပါစေ
ဤမာရဝိဇယရုပ်ပွားတော်မြတ်ကြီး    လက်ရှိ တည်ထားကိုးကွယ်နေမှု၊ မကြာမီ ပြီးစီးအောင်မြင် တော့မည့် အနေအထားများနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတွင်   ကောင်းခြင်းမင်္ဂလာများ လည်း ဖြစ်ထွန်းလာပါတော့မည်။ 
စေတီတည်ရခြင်းအကျိုး၊ တည်သောစေတီတွင် ပါ၀င်ကုသိုလ်ပြု လှူဒါန်းရခြင်း၊ ပါဝင်တည်ဆောက် ခွင့်ရခြင်း အကျိုးများကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် အပေါင်းတို့   မြတ်ဗုဒ္ဓပွင့်ရာအရပ်မှာပင်  လူပြန် ဖြစ်ခွင့် ကြုံနိုင်ပါပြီ။ ကိုယ်အင်္ဂါမချို့တဲ့   မြတ်သော ဘဝရဖို့ရန်   သေချာခဲ့ပါပြီ။   အပယ်သို့မလား၊ ဒွန်းစဏ္ဍားလည်းမဖြစ်၊ ယုတ်မာသော  အမျိုးမှာ လည်း  မဖြစ်တော့ပြီ။   ကျွန်အမျိုးလည်းမဖြစ်၊ လောကငရဲလည်း ကျစရာမလိုတော့ပါ။
ရွှေအဆင်းနှင့်တင့်တယ်သည့်ဘဝမှာ မြင်သူ အပေါင်း၏       ချစ်ခင်မှုကိုရပြီး     ဘုန်းတန်ခိုး လည်း     ကြီးမားလာမည်။  သံသရာအဆက်ဆက် လာဘ်လာဘရွှင်ပြီး စည်းစိမ်ဥစ္စာ  ပြည့်စုံသည့်ဘဝ မှာ ကြံစည်သမျှ   အောင်မြင်ပါလိမ့်မည်။   နတ်မင်း၊  စကြဝတေးမင်း၊  သိကြားမင်း၊  ပဒေသရာဇ်မင်း အကြိမ်ကြိမ်ဖြစ်နိုင်သည်ဟုလည်း    ကြားဖူးနားဝ ရှိသည်။ ဘုရားဆုပန် ပစ္ဆေကဗုဒ္ဓါဆုလည်း ရနိုင် သည်။ ပညာရဲရင့်  ပွဲလယ်တင့်၍  အကြားအမြင် ထက်မြက်သူဖြစ်လာမည်။ နောက်ဆုံးတော့ နိဗ္ဗာန် ရွှေပြည်သို့ပင်  ဆိုက်လိမ့်မည်ဖြစ်သည်။  များစွာ သော အကျိုးကျေးဇူးများပင်တည်း။
ဤမျှဆိုလျှင် သမိုင်းတစ်လျှောက် ကြီးကျယ် ခမ်းနား မွန်မြတ်သပ္ပာယ်လှသော မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို ဖူးမြော်ခွင့်ရမည့် ကာလတစ်ခုဆီ ကား တဖြည်းဖြည်း နီးကပ်လာပါပြီ။ လှူတတ်လျှင် မြတ်သည့်အတွက်   ဤသို့သော   ဒါနအပါအဝင် ကုသိုလ်ရေးအားလုံးမှာ ပါဝင်လှူဒါန်းခွင့်ရနိုင်ရေး စိတ်ဝင်စားစွာဖြင့် အာရုံစိုက်စေချင်ပါသည်။
ဉာဏ်ပညာရှေ့ဆောင်သည့်          စေတနာ သဒ္ဓါတရားနှင့်အတူ    ယခုလိုကာလဒါနမျိုးကို လှူဒါန်းခွင့်၊ တည်ထားခွင့်၊ ဖူးမြော်ပူဇော်ခွင့်ရရှိသည့် အတွက်   ကျွန်ုပ်တို့အားလုံး    ကံကောင်းကြပါစေ၊ ဤရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ကျွန်ုပ်တို့အားလုံး ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္တန္တရကပ်အပေါင်း မှလည်း ကင်းဝေးကြပါစေ၊၊ ဤစေတီတော်ကြီးနှင့် အတူ ယခုပစ္စုပ္ပန်ဘဝမှာကော နောင်ဘဝသံသရာ များအတွက်ပါ     ရရှိခံစားနိုင်ကြပါစေ  ဟူ၍သာ....ဆုတောင်းလိုက်ရပါသည်။    ။