တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် လျှောက်ထားထုတ်ယူနိုင်ရေးဆောင်ရွက်ထား

 

နေပြည်တော်  ဩဂုတ်   ၂၁


ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ် ဝင်ခွင့်   စာမေးပွဲများ၏  အောင် လက်မှတ်များနှင့် အမှတ်စာရင်း များကို    စာတိုက်မှတစ်ဆင့် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန (နေပြည် တော်)နှင့်   မြန်မာနိုင်ငံ   စာစစ် ဦးစီးဌာန    (ရန်ကုန်ရုံးခွဲ)တို့တွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက်   ကြိုတင် ပြင်ဆင်   စီစဉ်ဆောင်ရွက်ထား ရမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ်    ဒေါက်တာမျိုးသန့်က ပြောကြားသည်။


ယနေ့နံနက်ပိုင်းတွင်  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ    စာစစ်ဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က  ထိုသို့ ပြောကြားခြင်း ဖြစ်သည်။


ဆက်လက်၍    ညွှန်ကြား ရေးမှူးချုပ်က ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ၏ အောင်လက်မှတ်နှင့်    အမှတ် စာရင်းများကို ယခင်က နေပြည် တော် ရုံးချုပ်နှင့်  ရန်ကုန်ရုံးခွဲတို့ တွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း၊   ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူကိုယ်တိုင် လာရောက်ထုတ်ယူ ခွင့်မပြုဘဲ စာတိုက်များမှတစ်ဆင့် ထုတ်ပေးခြင်းဖြစ်ပါကြောင်း။
အောင်လက်မှတ်နှင့် အမှတ် စာရင်းများကို မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ပြန်လည်ပေးပို့ရာတွင် မြန်မာ့စာတိုက်လုပ်ငန်း၏ ပေးပို့ခ ပါဝင်ပြီး Smart Register စာအိတ် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ အောင်လက်မှတ်၊ အမှတ်စာရင်း အတွက် နိုင်ငံတော်သို့ ပေးသွင်း ရငွေနှင့်     Smart     Register စာအိတ်ဖိုးအပါအဝင်  ကျသင့် နှုန်းထားများမှာ အောင်လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၁၆၀၀ ၊ အမှတ်စာရင်း   တစ်စောင်လျှင် ငွေကျပ် ၁၀၀၀ ၊ အောင်လက်မှတ် နှင့်   အမှတ်စာရင်းတစ်စုံလျှင် ငွေကျပ် ၂၀၀၀ ၊ အောင်လက်မှတ် ပျောက်ဆုံး/ပျက်စီးသူများအတွက် အောင်လက်မှတ် မိတ္တူတစ်စောင် လျှင် ငွေကျပ်   ၂၂၀၀   သတ်မှတ် ထားပါကြောင်း၊ အဆိုပါကျသင့် ငွေများကို       မြန်မာ့စာတိုက် လုပ်ငန်း၏   ငွေပို့လွှာ  (Money Order) ဖြင့်သာ  ပေးပို့စေမည် ဖြစ်ပါကြောင်း၊ အောင်လက်မှတ် နှင့် အမှတ်စာရင်း လျှောက်ထား ရယူရန်   လိုအပ်သည့်  အချက် အလက်များနှင့် လျှောက်ထားရန် လမ်းညွှန်ချက်များကို   မြန်မာ့ စာတိုက်လုပ်ငန်း၏ စာတိုက်များ တွင် ကြော်ငြာကပ်ထားပေးခြင်း ဖြင့်    လျှောက်ထားလိုသူများ သည်  နီးစပ်ရာစာတိုက်များတွင် သွားရောက်လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ရုံးများ ပြန်ဖွင့်ချိန်တွင်      လုပ်ငန်းများ စနစ်တကျ           လျင်မြန်စွာ ပြီးမြောက်      အောင်မြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ 


ယင်းနောက်   အစည်းအဝေး တက်ရောက်လာသည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊    ဒုတိယညွှန်ကြား ရေးမှူးများနှင့်    သက်ဆိုင်ရာ တာဝန်ရှိသူများက  လုပ်ငန်းနှင့် ပတ်သက်သော   ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြား ရေးမှူးချုပ်က ပြန်လည်ဆွေးနွေး ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။


ရုံးပိတ်ရက်ကာလ ဖြစ်သော် လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့်    အမှတ် စာရင်းများကို          ပို့ဆောင်ရေး နှင့်       ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်များမှတစ်ဆင့်      ပေးပို့ လျှောက်ထား      ခွင့်ပြုလျက်ရှိပြီး သက်ဆိုင်ရာ    လျှောက်ထားသူ များထံသို့ ရုံးများဖွင့်လှစ်ချိန်တွင် စာတိုက်မှတစ်ဆင့်   ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။ 

စိုးအောင်(ပညာရေး)